ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 6:4-7 Common Language Bible (BCL)

4. ဗိ​မာန်​တော်​နံ​ရံ​များ​တွင်​ပြူတင်း​ပေါက်​များ​ရှိ ၍ ယင်း​တို့​၏​အ​ပြင်​ပိုင်း​သည်​အ​တွင်း​ပိုင်း ထက်​ပို​၍​ကျဉ်း​၏။-

5. ဗိ​မာန်​တော်​၏​အ​ပြင်​နံ​ဘေး​နှစ်​ဘက်​နံ​ရံ​များ နှင့်​ကျော​ဘက်​နံ​ရံ​တွင်​ကပ်​၍ အ​ခန်း​ငယ်​များ ကို​ဆောက်​လုပ်​ထား​လေ​သည်။ ထို​အ​ခန်း​ငယ် များ​မှာ​အ​ထပ်​သုံး​ထပ်​ရှိ​၍​တစ်​ထပ်​လျှင် ခု​နစ်​ပေ​ခွဲ​စီ​မြင့်​၏။-

6. အောက်​ဆုံး​ထပ်​အ​ခန်း​များ​သည်​အ​ကျယ် ခု​နစ်​ပေ​ခွဲ၊ အ​လယ်​ထပ်​၌​ကိုး​ပေ​စီ၊ အ​ပေါ် ဆုံး​ထပ်​၌​ဆယ်​ပေ​ခွဲ​စီ​ရှိ​၏။ ထို​အ​ခန်း​များ ကို​ဆောက်​လုပ်​ရာ​တွင်​ယက်​မ​များ​ကို နံ​ရံ ကို​မ​ဖောက်​ဘဲ​နံ​ရံ​ပေါ်​တွင်​တင်​၍​ဆောက် လုပ်​နိုင်​စေ​ရန် ဗိ​မာန်​တော်​နံ​ရံ​တို့​ကို​အ​ထက် ထပ်​တွင်​အောက်​ထပ်​ထက်​ပို​၍​ပါး​အောင် ပြု​လုပ်​ထား​လေ​သည်။

7. ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် အ​သုံး​ပြု​သည့် ကျောက်​များ​ကို​ကျောက်​တွင်း​တွင်​ဆစ်​ပြီး​မှ ယူ​ခဲ့​သ​ဖြင့် ဗိ​မာန်​တော်​တည်​ဆောက်​ချိန်​၌ တူ၊ ပု​ဆိန်​စ​သော​သံ​တန်​ဆာ​များ​နှင့်​ထု​လုပ် သံ​မ​ကြား​ရ​ချေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 6