ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 6:29-35 Common Language Bible (BCL)

29. ဗိ​မာန်​တော်​ခန်း​မ​ကြီး​နံ​ရံ​နှင့် အ​တွင်း​ခန်း​နံ​ရံ တို့​ကို​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့် ပုံ​များ​ဖြင့်​ထု​လုပ်​တန်​ဆာ​ဆင်​ထား​၏။-

30. ကြမ်း​ပြင်​ကို​ပင်​လျှင်​ရွှေ​ဖြင့်​မွမ်း​မံ​၍​ထား လေ​သည်။

31. အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​အ​ဝင်​ဝ​၌​သံ​လွင် သား​တံ​ခါး​ရွက်​နှစ်​ရွက်​ကို​တပ်​ဆင်​ထား​၍ တံ​ခါး​ပေါက်​ထိပ်​ပိုင်း​မှာ​အ​ခုံး​ချွန်​ပုံ​သဏ္ဌာန် ရှိ​၏။-

32. တံ​ခါး​ရွက်​များ​၌​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင် နှင့်​ပန်း​ပွင့်​ပုံ​များ​ကို​ထု​လုပ်​ထား​၏။ တံ​ခါး​ရွက် များ၊ ခေ​ရု​ဗိမ်​ရုပ်​များ​နှင့်​စွန်​ပ​လွံ​ပင်​ပုံ​များ ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား​၏။-

33. ဗိ​မာန်​တော်​ခန်း​မ​ကြီး​၏​အ​ဝင်​ဝ​အ​တွက် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​ရှိ​သော​တံ​ခါး ဘောင်​ကို​သံ​လွင်​သား​ဖြင့်​ခွေ​လျက်၊-

34. ခေါက်​တံ​ခါး​ရွက်​တစ်​စုံ​ကို​ထင်း​ရှူး​သား​ဖြင့် ပြု​လုပ်​ပြီး​လျှင်၊-

35. ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့်​ပုံ​များ ထု​လုပ်​၍ ပုံ​လုံး​ပေါ်​ရွှေ​ဖြင့်​မွမ်း​မံ​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 6