20. ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
21. ဗိမာန်တော်အတွင်းပိုင်းကိုရွှေဖြင့်မွမ်းမံထား ပြီးလျှင် ရွှေဖြင့်ပင်မွမ်းမံသည့်ဗိမာန်တော် အတွင်းခန်း၏အဝင်ဝကိုရွှေကြိုးများဆွဲ ချိပ်ထားလေသည်။-
22. ဗိမာန်တော်အတွင်းပိုင်းတစ်ခုလုံးကိုလည်း ကောင်း၊ ဗိမာန်တော်၏အလွန်သန့်ရှင်းရာ ဌာနရှိယဇ်ပလ္လင်ကိုလည်းကောင်းရွှေဖြင့် မွမ်းမံ၍ထားသတည်း။
23. သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။-
24-26. ထိုခေရုဗိမ်နှစ်ပါးတို့သည်အရပ်နှင့်သဏ္ဌာန် တူညီကြ၏။ ယင်းတို့တွင်အလျားခုနစ်ပေခွဲ ရှိသောအတောင်နှစ်ခုစီရှိသဖြင့် အတောင် ဖျားတစ်ခုမှအခြားတစ်ခုအထိတစ်ဆယ့် ငါးပေရှိလေသည်။-
27. ခေရုဗိမ်တို့ဖြန့်ထားသည့်အတောင်နှစ်ခုတို့ သည် နံရံများနှင့်ထိ၍နေကြစေရန်ခေရုဗိမ် နှစ်ပါးကိုယှဉ်၍ အလွန်သန့်ရှင်းရာဌာန၌ ထားရှိ၏။-
28. ခေရုဗိမ်တို့ကိုရွှေဖြင့်မွမ်းမံ၍ထားသတည်း။
29. ဗိမာန်တော်ခန်းမကြီးနံရံနှင့် အတွင်းခန်းနံရံ တို့ကိုခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့် ပုံများဖြင့်ထုလုပ်တန်ဆာဆင်ထား၏။-
30. ကြမ်းပြင်ကိုပင်လျှင်ရွှေဖြင့်မွမ်းမံ၍ထား လေသည်။
31. အလွန်သန့်ရှင်းရာဌာနအဝင်ဝ၌သံလွင် သားတံခါးရွက်နှစ်ရွက်ကိုတပ်ဆင်ထား၍ တံခါးပေါက်ထိပ်ပိုင်းမှာအခုံးချွန်ပုံသဏ္ဌာန် ရှိ၏။-
32. တံခါးရွက်များ၌ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင် နှင့်ပန်းပွင့်ပုံများကိုထုလုပ်ထား၏။ တံခါးရွက် များ၊ ခေရုဗိမ်ရုပ်များနှင့်စွန်ပလွံပင်ပုံများ ကိုရွှေဖြင့်မွမ်းမံထား၏။-
33. ဗိမာန်တော်ခန်းမကြီး၏အဝင်ဝအတွက် ထောင့်မှန်စတုဂံပုံသဏ္ဌာန်ရှိသောတံခါး ဘောင်ကိုသံလွင်သားဖြင့်ခွေလျက်၊-
34. ခေါက်တံခါးရွက်တစ်စုံကိုထင်းရှူးသားဖြင့် ပြုလုပ်ပြီးလျှင်၊-
35. ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့်ပုံများ ထုလုပ်၍ ပုံလုံးပေါ်ရွှေဖြင့်မွမ်းမံလေ၏။
36. ဗိမာန်တော်ရှေ့၌အတွင်းတန်တိုင်းကိုဆစ် ကျောက်သုံးဆင့်လျှင် သစ်ကတိုးသားယက်မ တစ်ဆင့်စီဖြင့်အထပ်ထပ်ဆောက်လုပ်ထား၏။
37. ရှောလမုန်မင်းနန်းစံလေးနှစ်မြောက်ဇိဖခေါ် ဒုတိယလ၌ ဗိမာန်တော်ကိုကျောက်မြစ်ချ၍၊-