ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 6:12-27 Common Language Bible (BCL)

12. ``သင်​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​လျှင် သင့်​ခ​မည်း တော်​ဒါ​ဝိဒ်​အား​ငါ​ပေး​ခဲ့​သည့်​က​တိ အ​တိုင်း​သင့်​အ​တွက်​ငါ​ပြု​မည်။-

13. သင်​ဆောက်​လုပ်​လျက်​ရှိ​သည့်​ဗိ​မာန်​တော်​တွင် ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​လယ်​တွင်​ငါ​ကျိန်း​ဝပ်​မည်'' ဟု မိန့်​တော်​မူ​၏။

14. သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ကို​ပြီး အောင်​တည်​ဆောက်​တော်​မူ​၏။

15. အ​တွင်း​နံ​ရံ​များ​ကို​ကြမ်း​မှ​မျက်​နှာ​ကျက် တိုင်​အောင် သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ဖုံး​အုပ်​ပြီး လျှင် ကြမ်း​ကို​ထင်း​ရှူး​ပျဉ်​များ​ဖြင့်​ခင်း​ထား လေ​သည်။-

16. အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​တွင် သော​ဗိ​မာန်​တော်​အ​တွင်း​ခန်း​သည် အ​လျား ပေ​သုံး​ဆယ်​ရှိ​၍​ယင်း​ကို​သစ်​က​တိုး​သား ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​အ​ထိ​ကာ​ရံ ထား​၏။-

17. အ​လွန်​သန့်​ရှင်း​ရာ​ဌာန​အ​ရှေ့​ရှိ​အ​ခန်း​သည် အ​လျား​ပေ​ခြောက်​ဆယ်​ရှိ​၏။-

18. သစ်​က​တိုး​သား​ပျဉ်​များ​တွင်​အ​သီး​အ​ပွင့်​ပုံ များ​ထု​လုပ်​ခြယ်​လှယ်​ထား​လေ​သည်။ ကျောက် နံ​ရံ​ကို​မ​မြင်​နိုင်​စေ​ရန် ဗိ​မာန်​တော်​အ​တွင်း ပိုင်း​တစ်​ခု​လုံး​ကို​သစ်​က​တိုး​သား​ဖြင့်​ဖုံး အုပ်​ထား​သ​တည်း။

19. ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ပိုင်း​တွင် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထား​ရှိ​ရန် အ​တွက် ဗိ​မာန်​တော်​အ​တွင်း​ခန်း​ကို​ဆောက် လုပ်​ထား​၏။-

20. ထို​အ​ခန်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အနံ​ပေ သုံး​ဆယ်၊ အ​မြင့်​ပေ​သုံး​ဆယ်​ရှိ​၍ ယင်း​ကို​ရွှေ စင်​ဖြင့်​မွမ်း​မံ​ထား​လေ​သည်။ ယဇ်​ပလ္လင်​ကို​မူ သစ်​က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​၏။-

21. ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား ပြီး​လျှင် ရွှေ​ဖြင့်​ပင်​မွမ်း​မံ​သည့်​ဗိ​မာန်​တော် အ​တွင်း​ခန်း​၏​အ​ဝင်​ဝ​ကို​ရွှေ​ကြိုး​များ​ဆွဲ ချိပ်​ထား​လေ​သည်။-

22. ဗိ​မာန်​တော်​အတွင်း​ပိုင်း​တစ်​ခု​လုံး​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​၏​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ကောင်း​ရွှေ​ဖြင့် မွမ်း​မံ​၍​ထား​သ​တည်း။

23. သံ​လွင်​သား​ဖြင့်​ပြု​လုပ်​၍ အ​မြင့်​ဆယ့်​ငါး​ပေ စီ​ရှိ​သော​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​တွင်​ထား​ရှိ​၏။-

24-26. ထို​ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည်​အ​ရပ်​နှင့်​သဏ္ဌာန် တူ​ညီ​ကြ​၏။ ယင်း​တို့​တွင်​အ​လျား​ခု​နစ်​ပေ​ခွဲ ရှိ​သော​အ​တောင်​နှစ်​ခု​စီ​ရှိ​သ​ဖြင့် အ​တောင် ဖျား​တစ်​ခု​မှ​အ​ခြား​တစ်​ခု​အ​ထိ​တစ်​ဆယ့် ငါး​ပေ​ရှိ​လေ​သည်။-

27. ခေ​ရု​ဗိမ်​တို့​ဖြန့်​ထား​သည့်​အ​တောင်​နှစ်​ခု​တို့ သည် နံ​ရံ​များ​နှင့်​ထိ​၍​နေ​ကြ​စေ​ရန်​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ယှဉ်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​၌ ထား​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 6