ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 5:4-11 Common Language Bible (BCL)

4. သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင် အ​ရပ်​ရပ်​၌​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး တော်​မူ​ပါ​ပြီ။ ကျွန်ုပ်​မှာ​ရန်​သူ​မ​ရှိ​ပါ။ ရန် သူ​တိုက်​ခိုက်​မည့်​အန္တ​ရာယ်​လည်း​မ​ရှိ​ပါ။-

5. ထာ​ဝ​ရ​ဘု​ရား​က​ကျွန်ုပ်​၏​ခ​မည်း​တော် အား`သင့်​နောက်​၌​ငါ​မင်း​မြှောက်​မည့်​သူ​သင် ၏​သား​သည် ငါ့​အ​တွက်​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်' ဟု​က​တိ​ထား​တော် မူ​ခဲ့​ပါ​၏။ ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​အ​တွက် ထို​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ယ​ခု ကျွန်ုပ်​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​ပြီ။-

6. သို့​ဖြစ်​၍​ကျွန်ုပ်​အ​တွက်​သစ်​က​တိုး​ပင် များ​ကို​ခုတ်​လှဲ​ပေး​ရန် လေ​ဗ​နုန်​တော​သို့ အ​ဆွေ​တော်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​စေ လို​ပါ​သည်။ ကျွန်ုပ်​အ​စေ​ခံ​များ​သည်​လည်း ကူ​ညီ​စေ​ပါ​မည်။ အ​ဆွေ​တော်​ဆုံး​ဖြတ် သည့်​အ​ခ​ကြေး​ငွေ​ကို​ကျွန်ုပ်​ပေး​ပါ​မည်။ အ​ဆွေ​တော်​သိ​သည့်​အ​တိုင်း ကျွန်ုပ်​၏​လူ တို့​သည်​အ​ဆွေ​တော်​၏​လူ​တို့​ကဲ့​သို့​သစ် ခုတ်​မှု​တွင်​မ​ကျွမ်း​ကျင်​ကြ​ပါ'' ဟု​မှာ ကြား​လိုက်​၏။

7. ရှော​လ​မုန်​မင်း​မှာ​ကြား​သော​စ​ကား​ကို ကြား​ရ​သော​အ​ခါ ဟိ​ရံ​မင်း​သည်​လွန်​စွာ အား​ရ​နှစ်​သက်​သ​ဖြင့်``ဤ​သို့​ကြီး​မား​သည့် နိုင်​ငံ​တော်​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ် အား​ဤ​မျှ​ပ​ညာ​ရှိ​သော​သား​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ယ​နေ့​ထော မ​နာ​ပြု​ကြ​လော့'' ဟု​မြွက်​ဆို​တော်​မူ​၏။-

8. ထို​နောက်​ဟိ​ရံ​သည် ရှော​လ​မုန်​ထံ​သို့``အ​ဆွေ တော်​ပေး​ပို့​သော​အ​မှာ​တော်​စ​ကား​ကို​ကြား သိ​ပါ​ပြီ။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​အ​သင့်​ရှိ ပါ​၏။ အ​ဆွေ​တော်​၏​ထံ​သို့​သစ်​က​တိုး နှင့်​ထင်း​ရှူး​သစ်​များ​ကို​ပေး​ပို့​လိုက်​ပါ မည်။-

9. ကျွန်ုပ်​၏​လူ​တို့​သည်​သစ်​လုံး​များ​ကို​လေ ဗ​နုန်​တောင်​မှ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ယူ ဆောင်​ကာ​ဖောင်​ဖွဲ့​၍ အ​ဆွေ​တော်​အ​လို​ရှိ ရာ​ဆိပ်​ကမ်း​သို့​မျှော​ချ​ပေး​ပါ​မည်။ သူ တို့​သည်​ထို​ဆိပ်​ကမ်း​တွင်​ဖောင်​များ​ကို ဖျက်​၍ သစ်​လုံး​များ​ကို​အ​ဆွေ​တော်​၏​လူ တို့​အား​ပေး​အပ်​ကြ​ပါ​မည်။ အ​ဆွေ​တော် အ​နေ​ဖြင့်​ကျွန်ုပ်​၏​လူ​များ​အ​တွက်​စား နပ်​ရိက္ခာ​ကို​ထောက်​ပံ့​စေ​လို​ပါ​သည်'' ဟု ပြန်​ကြား​လိုက်​၏။

10. ထို့​ကြောင့်​ဟိ​ရံ​က​ရှော​လ​မုန်​လို​သ​မျှ သော သစ်​က​တိုး​နှင့်​ထင်း​ရှူး​သစ်​ကို​ပေး​ပို့​၍၊-

11. ရှော​လ​မုန်​က​လည်း​ဟိ​ရံ​၏​လူ​များ​စား​သုံး ရန်​အ​တွက် တစ်​နှစ်​လျှင်​ဂျုံ​ဆန်​တင်း​တစ်​သိန်း နှင့်​သံ​လွင်​ဆီ​အ​စစ်​ဂါ​လံ​တစ်​သိန်း​တစ် သောင်း​ကို​ပေး​ပို့​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 5