ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 5:10-18 Common Language Bible (BCL)

10. ထို့​ကြောင့်​ဟိ​ရံ​က​ရှော​လ​မုန်​လို​သ​မျှ သော သစ်​က​တိုး​နှင့်​ထင်း​ရှူး​သစ်​ကို​ပေး​ပို့​၍၊-

11. ရှော​လ​မုန်​က​လည်း​ဟိ​ရံ​၏​လူ​များ​စား​သုံး ရန်​အ​တွက် တစ်​နှစ်​လျှင်​ဂျုံ​ဆန်​တင်း​တစ်​သိန်း နှင့်​သံ​လွင်​ဆီ​အ​စစ်​ဂါ​လံ​တစ်​သိန်း​တစ် သောင်း​ကို​ပေး​ပို့​လေ​သည်။

12. ထာ​ဝရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လ​မုန်​အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​၏။ ဟိ​ရံ​နှင့်​ရှော​လ​မုန်​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​လျက် မ​ဟာ​မိတ်​စာ​ချုပ်​ချုပ်​ဆို​ကြ လေ​သည်။

13. ရှော​လ​မုန်​သည်​ဣသ​ရေ​လ​ပြည်​တစ်​ပြည်​လုံး မှ လူ​သုံး​သောင်း​ကို​ချွေး​တပ်​သား​အ​ဖြစ်​ဖြင့် ဆင့်​ခေါ်​တော်​မူ​ပြီး​လျှင်၊-

14. အ​ဒေါ​နိ​ရံ​အား​သူ​တို့​ကို​အုပ်​ချုပ်​စေ​တော် မူ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​လူ​တစ် သောင်း​စီ​အ​ဖွဲ့​သုံး​ဖွဲ့​ဖွဲ့​တော်​မူ​၍ တစ်​ဖွဲ့​ကို တစ်​လ​ကျ​လေ​ဗ​နုန်​တောင်​သို့​စေ​လွှတ်​ပြီး လျှင် နှစ်​လ​မျှ​အိမ်​သို့​ပြန်​၍​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။-

15. ရှော​လ​မုန်​သည်​ကျောက်​ဆစ်​ရန်​လူ​ရှစ်​သောင်း ကို​လည်း​ကောင်း၊ ကျောက်​သယ်​မည့်​သူ​လူ​ခု​နစ် သောင်း​နှင့်​အ​တူ​တောင်​ပေါ်​ဒေ​သ​သို့​စေ လွှတ်​တော်​မူ​၏။-

16. ထို့​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​အ​လုပ် ကို​ကြီး​ကြပ်​သူ လူ​သုံး​ထောင်​သုံး​ရာ​ကို​ခန့် ထား​တော်​မူ​၏။-

17. ရှော​လ​မုန်​မင်း​၏​အ​မိန့်​တော်​အ​ရ​ထို ချွေး​တပ်​သား​တို့​သည် ဗိ​မာန်​တော်​တိုက်​မြစ် အ​တွက်​ကျောက်​တုံး​ကြီး​များ​ကို​ဆစ်​ရ ကြ​၏။-

18. ရှော​လ​မုန်​၏​အ​လုပ်​သ​မား​များ​နှင့်​ဟိ​ရံ​၏ အ​လုပ်​သ​မား​များ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ် ရန်​အ​တွက် ဂေ​ဗာ​လ​မြို့​သား​များ​နှင့်​အ​တူ ကျောက်​များ​နှင့်​သစ်​များ​ကို​ပြင်​ဆင်​ကြ လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 5