ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 22:46-53 Common Language Bible (BCL)

46. သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​ခ​မည်း တော်​အာ​သ​လက်​ထက်​မှ ကျန်​ရစ်​ခဲ့​သည့်​အ​မျိုး သား​ပြည့်​တန်​ဆာ​များ​နှင့်​အ​မျိုး​သ​မီး​ပြည့် တန်​ဆာ​များ​အား​လုံး​ကို​သုတ်​သင်​ပယ်​ရှင်း တော်​မူ​၏။

47. ဧ​ဒုံ​ပြည်​တွင်​ဘု​ရင်​မ​ရှိ။ ယု​ဒ​ဘု​ရင်​ခန့်​ထား သည့်​ဘု​ရင်​ခံ​က​ထို​ပြည်​ကို​အုပ်​ချုပ်​ရ​လေ​သည်။

48. ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။-

49. ထို​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​က​မိ​မိ ၏​လူ​တို့​နှင့်​အ​တူ ယော​ရှ​ဖတ်​၏​လူ​တို့​အား သင်္ဘော​လွှင့်​ခွင့်​ပြု​မည်​ဟု စ​ကား​ကမ်း​လှမ်း​သော် လည်း​ယော​ရှ​ဖတ်​က​ထို​ကမ်း​လှမ်း​ချက်​ကို လက်​ခံ​တော်​မ​မူ။

50. ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ယ​ဟော​ရံ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

51. ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​အာ​ဟပ်​၏​သား​တော်​အာ​ခ​ဇိ​သည် ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-

52. သူ​သည်​ခ​မည်း​တော်​အာဟပ်​နှင့်​မယ်​တော်​ယေ​ဇ ဗေ​လ​၏​စံ​န​မူ​နာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​စေ​ရန် ရှေ့​ဆောင် လမ်း​ပြ​ခဲ့​သူ ယေ​ရော​ဗောင်​မင်း​၏​စံ​န​မူ​နာ ကို​လည်း​ကောင်း​ယူ​၍၊-

53. ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ မိ​မိ အ​လျင်​နန်း​စံ​တော်​မူ​ခဲ့​သည့်​ခ​မည်း​တော်​ကဲ့ သို့​ပင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​သည်။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 22