41. ဣသရေလဘုရင်အာဟပ်၏နန်းစံစတုတ္ထနှစ်၌ အာသ၏သားတော်ယောရှဖတ်သည်ယုဒပြည် တွင်နန်းတက်၍၊-
42. ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ နန်းတက်ချိန်၌သူသည်အသက်သုံး ဆယ့်ငါးနှစ်ရှိ၏။ သူ၏မယ်တော်မှာရှိလဟိ ၏သမီးအဇုဘဖြစ်၏။-
43. သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
44. ယောရှဖတ်သည်ဣသရေလဘုရင်နှင့်လည်း ငြိမ်းချမ်းစွာနေတော်မူ၏။
45. ယောရှဖတ်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကိုလည်းကောင်း၊ သူ၏စွန့်စားမှုများနှင့် သူဆင်နွှဲခဲ့သည့်တိုက်ပွဲများကိုလည်းကောင်း ယုဒရာဇဝင်တွင်ရေးထားသတည်း။-
46. သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင်ခမည်း တော်အာသလက်ထက်မှ ကျန်ရစ်ခဲ့သည့်အမျိုး သားပြည့်တန်ဆာများနှင့်အမျိုးသမီးပြည့် တန်ဆာများအားလုံးကိုသုတ်သင်ပယ်ရှင်း တော်မူ၏။
47. ဧဒုံပြည်တွင်ဘုရင်မရှိ။ ယုဒဘုရင်ခန့်ထား သည့်ဘုရင်ခံကထိုပြည်ကိုအုပ်ချုပ်ရလေသည်။
48. ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။-
49. ထိုအခါဣသရေလဘုရင်အာခဇိကမိမိ ၏လူတို့နှင့်အတူ ယောရှဖတ်၏လူတို့အား သင်္ဘောလွှင့်ခွင့်ပြုမည်ဟု စကားကမ်းလှမ်းသော် လည်းယောရှဖတ်ကထိုကမ်းလှမ်းချက်ကို လက်ခံတော်မမူ။
50. ယောရှဖတ်ကွယ်လွန်သောအခါ သူ့ကိုယေရု ရှလင်မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ယဟောရံသည် ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
51. ယုဒဘုရင်ယောရှဖတ်၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌အာဟပ်၏သားတော်အာခဇိသည် ဣသရေလပြည်တွင်နန်းတက်၍ရှမာရိမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
52. သူသည်ခမည်းတော်အာဟပ်နှင့်မယ်တော်ယေဇ ဗေလ၏စံနမူနာကိုလည်းကောင်း၊ ဣသရေလ ပြည်သူတို့အားအပြစ်ကူးစေရန် ရှေ့ဆောင် လမ်းပြခဲ့သူ ယေရောဗောင်မင်း၏စံနမူနာ ကိုလည်းကောင်းယူ၍၊-
53. ဗာလဘုရားကိုဝတ်ပြုကိုးကွယ်ကာ မိမိ အလျင်နန်းစံတော်မူခဲ့သည့်ခမည်းတော်ကဲ့ သို့ပင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို လှုံ့ဆော်လေသည်။ ဋ္ဌမ္မရာဇဝင်တတိယစောင်ပြီး၏။