34. သို့ရာတွင်ရှရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကို အမှတ်မထင်ပစ်လွှတ်လိုက်ရာအာဟပ် ၏သံချပ်အင်္ကျီအဆက်ကြားကိုထိမှန်သွားလေ သည်။ မင်းကြီးက``ငါ့ကိုမြားထိပြီ၊ တိုက်ပွဲမှ မောင်းထွက်သွားလော့'' ဟုရထားမှူးအားအမိန့် ပေးတော်မူ၏။
35. တိုက်ပွဲဖြစ်လျက်နေချိန်၌အာဟပ်မင်းသည် ရှုရိတပ်ကိုမျက်နှာမူလျက် မိမိ၏ရထား ထက်တွင်မှီ၍ထိုင်နေတော်မူ၏။ သူ၏ဒဏ်ရာ မှယိုစီးလာသောသွေးသည်ရထားကြမ်းပြင် ပေါ်တွင်အိုင်ဖြစ်၍နေ၏။ ညနေစောင်းအချိန် ၌သူသည်ကွယ်လွန်လေသည်။-
36. နေဝင်ချိန်နီးသောအခါ``လူတိုင်းကိုယ့်ပြည်၊ ကိုယ့်မြို့ရွာများသို့ပြန်ကြကုန်အံ့'' ဟူသော ဟစ်သံသည်ဣသရေလတပ်တစ်တပ်လုံး သို့ရောက်ရှိလာလေသည်။
37. ဤသို့ဖြင့်အာဟပ်မင်းသည်ကွယ်လွန်လေသည်။ သူ၏အလောင်းကိုရှမာရိမြို့သို့ယူဆောင် ပြီးလျှင်သင်္ဂြိုဟ်ကြ၏။-
38. သူ၏ရထားကိုပြည့်တန်ဆာတို့ရေချိုးလေ့ရှိ သည့်ရှမာရိရေကန်တွင်ဆေးကြောကြ၏။ ထာ ဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခွေးတို့ သည်လာ၍သူ၏သွေးကိုလျက်ကြကုန်၏။
39. အာဟပ်မင်း၏ဆင်စွယ်နန်းတော်အကြောင်း နှင့် သူတည်ထောင်ခဲ့သောမြို့များအပါဝင် သူဆောင်ရွက်ခဲ့သည့်အခြားအမှုအရာရှိ သမျှကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
40. အာဟပ်ကွယ်လွန်သောအခါသားတော်အာခဇိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
41. ဣသရေလဘုရင်အာဟပ်၏နန်းစံစတုတ္ထနှစ်၌ အာသ၏သားတော်ယောရှဖတ်သည်ယုဒပြည် တွင်နန်းတက်၍၊-
42. ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ နန်းတက်ချိန်၌သူသည်အသက်သုံး ဆယ့်ငါးနှစ်ရှိ၏။ သူ၏မယ်တော်မှာရှိလဟိ ၏သမီးအဇုဘဖြစ်၏။-
43. သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
44. ယောရှဖတ်သည်ဣသရေလဘုရင်နှင့်လည်း ငြိမ်းချမ်းစွာနေတော်မူ၏။
45. ယောရှဖတ်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကိုလည်းကောင်း၊ သူ၏စွန့်စားမှုများနှင့် သူဆင်နွှဲခဲ့သည့်တိုက်ပွဲများကိုလည်းကောင်း ယုဒရာဇဝင်တွင်ရေးထားသတည်း။-
46. သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင်ခမည်း တော်အာသလက်ထက်မှ ကျန်ရစ်ခဲ့သည့်အမျိုး သားပြည့်တန်ဆာများနှင့်အမျိုးသမီးပြည့် တန်ဆာများအားလုံးကိုသုတ်သင်ပယ်ရှင်း တော်မူ၏။