ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 22:28-38 Common Language Bible (BCL)

28. မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​မူ​အ​ကျွန်ုပ် ဆင့်​ဆို​သော​စ​ကား​များ​သည်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​များ​မ​ဟုတ်​နိုင်။ အို လူ အပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ထား ကြ​လော့'' ဟု​ဆို​၏။

29. ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့ ကို​တိုက်​ခိုက်​ရန်​ချီ​တက်​ကြ​၏။-

30. အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​သော အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ​ဝတ်​ဆင် လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို ပြီး​သော်​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ရုပ်​ဖျက်​၍ တိုက်​ပွဲ​ဝင်​လေ​၏။

31. ရှ​ရိ​ဘု​ရင်​သည် မိ​မိ​၏​ရ​ထား​တပ်​မှူး​သုံး​ဆယ့် နှစ်​ယောက်​တို့​အား ဣ​သ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​မည်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-

32. ထို့​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင်​သော အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ​ပြန်​လှည့် ၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ​ဖတ်​ဟစ်​အော် လိုက်​သော​အ​ခါ၊-

33. သူ​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​မ​ဟုတ်​မှန်း​သိ​ရ​၍ လွှဲ​ရှောင်​ကြ​၏။-

34. သို့​ရာ​တွင်​ရှ​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို အ​မှတ်​မ​ထင်​ပစ်​လွှတ်​လိုက်​ရာ​အာ​ဟပ် ၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို​ထိ​မှန်​သွား​လေ သည်။ မင်း​ကြီး​က``ငါ့​ကို​မြား​ထိ​ပြီ၊ တိုက်​ပွဲ​မှ မောင်း​ထွက်​သွား​လော့'' ဟု​ရ​ထား​မှူး​အား​အ​မိန့် ပေး​တော်​မူ​၏။

35. တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​၏​ရ​ထား ထက်​တွင်​မှီ​၍​ထိုင်​နေ​တော်​မူ​၏။ သူ​၏​ဒဏ်​ရာ မှ​ယို​စီး​လာ​သော​သွေး​သည်​ရ​ထား​ကြမ်း​ပြင် ပေါ်​တွင်​အိုင်​ဖြစ်​၍​နေ​၏။ ည​နေ​စောင်း​အ​ချိန် ၌​သူ​သည်​ကွယ်​လွန်​လေ​သည်။-

36. နေ​ဝင်​ချိန်​နီး​သော​အ​ခါ``လူ​တိုင်း​ကိုယ့်​ပြည်၊ ကိုယ့်​မြို့​ရွာ​များ​သို့​ပြန်​ကြ​ကုန်​အံ့'' ဟူ​သော ဟစ်​သံ​သည်​ဣ​သ​ရေ​လ​တပ်​တစ်​တပ်​လုံး သို့​ရောက်​ရှိ​လာ​လေ​သည်။

37. ဤ​သို့​ဖြင့်​အာ​ဟပ်​မင်း​သည်​ကွယ်​လွန်​လေ​သည်။ သူ​၏​အ​လောင်း​ကို​ရှ​မာ​ရိ​မြို့​သို့​ယူ​ဆောင် ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။-

38. သူ​၏​ရ​ထား​ကို​ပြည့်​တန်​ဆာ​တို့​ရေ​ချိုး​လေ့​ရှိ သည့်​ရှ​မာ​ရိ​ရေ​ကန်​တွင်​ဆေး​ကြော​ကြ​၏။ ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခွေး​တို့ သည်​လာ​၍​သူ​၏​သွေး​ကို​လျက်​ကြ​ကုန်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 22