ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 22:13-18 Common Language Bible (BCL)

13. ဤ​အ​တော​အ​တွင်း​၌ မိက္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``အ​ခြား ပ​ရော​ဖက်​အား​လုံး​က​ပင်​မင်း​ကြီး​သည် အောင်​မြင်​မှု​ရ​ရှိ​လိမ့်​မည်​ဟု​ဟော​ခဲ့​ကြ လေ​ပြီ။ အ​ရှင်​သည်​လည်း​ဤ​အ​တိုင်း​ပင် ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။

14. သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။

15. သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့ ရောက်​သော​အ​ခါ မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ်​မင်း​နှင့် ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ဖြေ​ကြား​ပါ​လော့'' ဟု​မိန့်​တော်​မူ​၏။မိက္ခာ​က``ချီ​တက်​တိုက်​ခိုက်​တော်​မူ​ပါ။ အ​ရှင် မင်း​ကြီး​သည်​အောင်​မြင်​တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။

16. သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​ရာ​တွင်​သစ္စာ​စ​ကား ကို​သာ​လျှင် သုံး​စွဲ​ရန်​သင့်​အား​ဘယ်​နှစ်​ကြိမ် ငါ​သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။

17. ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။

18. အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​ဟော​တတ်​ကြောင်း ကျွန်ုပ်​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 22