1. ဣသရေလပြည်နှင့်ရှုရိပြည်တို့သည် သုံး နှစ်တိုင်တိုင်စစ်ပြေငြိမ်းလျက်ရှိ၏။-
2. သို့ရာတွင်တတိယနှစ်၌ယုဒဘုရင်ယော ရှဖတ်သည် ဣသရေလဘုရင်အာဟပ်ထံသို့ အလည်အပတ်ရောက်ရှိလာလေသည်။
3. အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-
4. ထို့နောက်အာဟပ်သည်ယောရှဖတ်အား``အဆွေ တော်သည်ရာမုတ်မြို့ကိုတိုက်ရန်ကျွန်ုပ်နှင့်အတူ ချီတက်မည်လော'' ဟုမေး၏။ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိလျှင် ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏စစ်သည် တော်များနှင့်မြင်းစီးသူရဲများသည်လည်း အဆင်သင့်ရှိပါသည်။-
5. သို့ရာတွင်ဤကိစ္စကိုထာဝရဘုရားအားဦး စွာမေးမြန်းလျှောက်ထားပါလော့'' ဟုဆို၏။
6. သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
7. သို့ရာတွင်ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖက်မရှိပါသလော'' ဟုမေး၏။
8. အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
9. သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း သွားခေါ်ခဲ့ရန်အမိန့်ပေးတော်မူ၏။
10. ဘုရင်နှစ်ပါးတို့သည် မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များအပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ပရော ဖက်အပေါင်းတို့သည်လည်းရှေ့ဖြစ်ကိုဟော ၍နေကြ၏။-
11. ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`ကိုယ်တော် သည်ဤဦးချိုများဖြင့်ရှုရိအမျိုးသားတို့ အားချေမှုန်းလိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
12. အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
13. ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။