ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 22:1-12 Common Language Bible (BCL)

1. ဣ​သ​ရေ​လ​ပြည်​နှင့်​ရှု​ရိ​ပြည်​တို့​သည် သုံး နှစ်​တိုင်​တိုင်​စစ်​ပြေ​ငြိမ်း​လျက်​ရှိ​၏။-

2. သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​ယု​ဒ​ဘု​ရင်​ယော ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ထံ​သို့ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​လေ​သည်။

3. အာ​ဟပ်​သည်​မိ​မိ​၏​မှူး​မတ်​တို့​အား``ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို​ရှု​ရိ​ဘု​ရင်​ထံ​မှ​ပြန် လည်​ရ​ရှိ​ရန် အ​ဘယ်​ကြောင့်​မည်​သို့​မျှ​မ​ပြု​ဘဲ နေ​ကြ​ပါ​သ​နည်း။ ထို​မြို့​ကို​ငါ​တို့​ပိုင်​သည် မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော်​မူ​၏။-

4. ထို့​နောက်​အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``အ​ဆွေ တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ ချီ​တက်​မည်​လော'' ဟု​မေး​၏။ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ​လျှင် ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​စစ်​သည် တော်​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ​သည်​လည်း အဆင်​သင့်​ရှိ​ပါ​သည်။-

5. သို့​ရာ​တွင်​ဤ​ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး စွာ​မေး​မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။

6. သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

7. သို့​ရာ​တွင်​ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖက်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။

8. အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣ​မ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အ​ခါ​မျှ​အ​ကောင်း​ကို​မ​ဟော၊ အ​ဆိုး ကို​သာ​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့​ကို​ကျွန်ုပ် မ​နှစ်​သက်​ပါ'' ဟု​ပြန်​ပြော​လေ​သည်။ထို​အ​ခါ​ယော​ရှ​ဖတ်​က``ဤ​သို့​မ​ပြော​သင့် ပါ'' ဟု​ဆို​၏။-

9. သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း သွား​ခေါ်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။

10. ဘု​ရင်​နှစ်​ပါး​တို့​သည် မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​အ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌​ပ​ရော ဖက်​အ​ပေါင်း​တို့​သည်​လည်း​ရှေ့​ဖြစ်​ကို​ဟော ၍​နေ​ကြ​၏။-

11. ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝ​ရ​ဘု​ရား​က`ကိုယ်​တော် သည်​ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​အ​မျိုး​သား​တို့ အား​ချေ​မှုန်း​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-

12. အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း ဤ အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​သို့​ချီ​တက်​တော်​မူ​ပါ။ အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု​ဟော​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 22