6. သင်သည်မိမိပြုရမည့်အမှုကိုသိပေသည်။ သူ့အားသဘာဝအလျောက်မသေစေနှင့်။
7. ``ဂိလဒ်ပြည်သားဗာဇိလဲ၏သားများကို မူ ကရုဏာထား၍ကြည့်ရှုစောင့်ရှောက်လော့။ အဘယ်ကြောင့်ဆိုသော်သင်၏အစ်ကိုအဗ ရှလုံ၏ဘေးမှငါထွက်ပြေးရစဉ်အခါက သူတို့သည်ငါ့အားကျေးဇူးပြုခဲ့ကြ သောကြောင့်ဖြစ်၏။
8. ``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-
9. သို့ရာတွင်သင်သည်သူ့ကိုအပြစ်ဒဏ်မစီ ရင်ဘဲမနေနှင့်။ ပြုရမည့်အမှုကိုသင်သိ သည်အတိုင်းသူ့အားသေဒဏ်စီရင်ရမည်'' ဟုမှာကြားတော်မူ၏။
10. ဒါဝိဒ်ကွယ်လွန်သောအခါ သူ့ကိုယေရုရှလင် မြို့တွင်သင်္ဂြိုဟ်ကြ၏။-
11. သူသည်ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင် မြို့၌သုံးဆယ့်သုံးနှစ်၊ စုစုပေါင်းအနှစ်လေး ဆယ်ဣသရေလဘုရင်အဖြစ်ဖြင့်နန်းစံ တော်မူ၏။-
12. ရှောလမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။ သူ၏တန်ခိုး အာဏာသည်လည်းတည်တံ့ခိုင်မြဲ၍ လာ၏။
13. ထိုနောက်ဟ္ဂိတ်၏သားအဒေါနိယသည် ရှောလမုန်၏မယ်တော်ဗာသရှေဘထံသို့ သွား၏။ ဗာသရှေဘက``သင်ယခုလာသည် မှာမိတ်ဆွေအနေနှင့်လော့'' ဟုမေး၏။အဒေါနိယက``ဟုတ်ပါသည်'' ဟု ပြန်ပြော ပြီးနောက်၊-
14. ``အကျွန်ုပ်မှာမယ်တော်အားပန်ကြားစရာ တစ်ခုရှိပါသည်'' ဟုဆို၏။မယ်တော်က``အဘယ်အရာနည်း'' ဟုမေး၏။
15. အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။-
16. ယခုကျွန်ုပ်တွင်မယ်တော်အားပန်ကြား စရာရှိပါသည်။ ကျေးဇူးပြု၍မငြင်း ပယ်ပါနှင့်'' ဟုပြန်ပြော၏။ဗာသရှေဘက``အဘယ်အရာနည်း'' ဟု မေး၏။
17. အဒေါနိယက``ရှုနင်မြို့သူအဘိရှက်ကို အကျွန်ုပ်နှင့်ပေးစားထိမ်းမြားရန်ရှောလမုန် မင်းအားကျေးဇူးပြု၍လျှောက်ထားပေးပါ။ သူသည်မယ်တော်၏စကားကိုငြင်းပယ်လိမ့် မည်မဟုတ်ကြောင်း အကျွန်ုပ်သိပါသည်'' ဟု ပြန်ပြော၏။
18. ဗာသရှေဘကလည်း``ကောင်းပြီ။ သင်၏ အတွက်မင်းကြီးအားငါလျှောက်ထား မည်'' ဟုဆို၏။
19. ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
20. မယ်တော်က``သေးငယ်သောဆုကျေးဇူးတစ် ခုတောင်းလိုပါသည်။ မငြင်းပါနှင့်'' ဟု လျှောက်၏။မင်းကြီးက``မယ်တော်၊ တောင်းပါ၊ အကျွန်ုပ် မငြင်းပါ'' ဟုမိန့်တော်မူ၏။
21. ထိုအခါမယ်တော်က``အဘိရှက်ကိုနောင်တော် အဒေါနိယအားပေးစားတော်မူပါ'' ဟု တောင်းလေ၏။
22. မင်းကြီးက``မယ်တော်သည်အဘယ်ကြောင့် သူ၏အတွက် အဘိရှက်ကိုသာလျှင်တောင်း ပါသနည်း။ ထီးနန်းကိုပါတောင်းခံပါလော့။ အမှန်ကိုဆိုရလျှင်သူသည်အကျွန်ုပ်၏ နောင်တော်ဖြစ်၍ အဗျာသာနှင့်ယွာဘတို့ သည်လည်းသူ၏ဘက်တော်သားများဖြစ် ကြပါသည်'' ဟုမိန့်တော်မူ၏။-
23. ထို့နောက်ရှောလမုန်က``ဤအမှုကိုပြုသည့် အတွက် အဒေါနိယအားငါအသက်မသေ စေလျှင် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော။-
24. ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။