ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 2:25-36 Common Language Bible (BCL)

25. ထို့​ကြောင့်​ရှော​လ​မုန်​မင်း​အ​မိန့်​ပေး​တော်​မူ သ​ဖြင့် ဗေ​နာ​ယ​သည်​သွား​၍​အ​ဒေါ​နိ​ယ အား​ကွပ်​မျက်​လေ​သည်။

26. ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-

27. ထို့​နောက်​ရှော​လ​မုန်​သည်​အ​ဗျာ​သာ​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ဆောင်​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။ ဤ​သို့​ဖြင့်​မင်း​ကြီး​သည်​ရှိ​လော​မြို့​၌ ယဇ်​ပု​ရော​ဟိတ်​ဧ​လိ​နှင့်​သား​မြေး​တို့​ကို အ​ကြောင်း​ပြု​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​တော်​တို့​ကို​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​သ​တည်း။

28. ဤ​အ​ဖြစ်​အ​ပျက်​ကို​ယွာ​ဘ​ကြား​သိ သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​သို့​ထွက်​ပြေး​ပြီး​လျှင်​ယဇ်​ပလ္လင် ထောင့်​စွယ်​များ ကို​ဆုပ်​ကိုင်​၍​ထား​၏။ (သူ​သည်​အ​ဒေါ​နိ​ယ အား​ကူ​ညီ​ခဲ့​သော်​လည်း​အ​ဗ​ရှ​လုံ​ကို​မူ မ​ကူ​ညီ​ခဲ့၊-)

29. သူ​သည်​အ​ဒေါ​နိ​ယ​စံ​တော်​မူ​ရာ​တဲ​တော် သို့​ထွက်​ပြေး​ပြီး​လျှင် ယဇ်​ပလ္လင်​အ​နီး​တွင် ရပ်​လျက်​နေ​ကြောင်း​သ​တင်း​ရ​ရှိ​သော​အ​ခါ ရှော​လ​မုန်​မင်း​သည်​ယွာ​ဘ​အား​အ​ဘယ် ကြောင့်​ယဇ်​ပလ္လင်​သို့​ထွက်​ပြေး​ရ​သည်​ကို​လူ လွှတ်​၍​မေး​တော်​မူ​၏။ ထို​အ​ခါ​ယွာ​ဘ​က မိ​မိ​သည်​ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထာ ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထွက်​ပြေး​ရ​ခြင်း ဖြစ်​ကြောင်း​ပြန်​ကြား​လျှောက်​ထား​လေ​သည်။ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​သည်​ဗေ​နာ​ယ ကို​စေ​လွှတ်​၍​ယွာ​ဘ​အား​ကွပ်​မျက်​စေ တော်​မူ​၏။-

30. ဗေ​နာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​သို့​သွား​၍ ယွာ​ဘ​အား``အပြင် သို့​ထွက်​ခဲ့​လော့။ မင်း​ကြီး​အ​မိန့်​တော်​ရှိ သည်'' ဟု​ဆို​၏။ယွာ​ဘ​က``ငါ​မ​လာ​လို။ ဤ​အ​ရပ်​တွင်​ပင် အ​သေ​ခံ​မည်'' ဟု​ပြန်​ပြော​၏။ဗေ​နာ​ယ​သည်​လည်း​မင်း​ကြီး​ထံ​ပြန်​သွား ပြီး​လျှင် ယွာ​ဘ​ပြော​သည့်​စ​ကား​ကို​ပြန် ကြား​လျှောက်​ထား​လေ​သည်။

31. ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။-

32. ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။-

33. ထို​လူ​သတ်​မှု​များ​အ​တွက်​ယွာ​ဘ​နှင့်​သူ​၏ သား​မြေး​တို့​သည် ထာ​ဝ​စဉ်​အ​ပြစ်​ဒဏ်​ခံ​ရ ကြ​လတ္တံ့။ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ဆက်​ခံ​ကြ​သော​သား​မြေး​တို့​ကို​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည်​အ​စဉ်​အ​မြဲ​အောင်​ပွဲ ခံ​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

34. ထို့​ကြောင့်​ဗေ​နာ​ယ​သည်​ထာ​ဝရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား​၍​ယွာ​ဘ အား​သတ်​ပြီး​လျှင် ကျေး​လက်​ရှိ​သူ​၏ နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက်​လေ​သည်။-

35. မင်း​ကြီး​သည်​ဗေ​နာ​ယ​ကို​ယွာ​ဘ​၏​နေ​ရာ တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား တော်​မူ​၍ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း အ​ဗျာ​သာ​၏​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။

36. ထို့​နောက်​မင်း​ကြီး​သည် ရှိ​မိ​ကို​ဆင့်​ခေါ်​တော် မူ​ပြီး​လျှင်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် အိမ်​တစ်​လုံး​ဆောက်​၍​နေ​ထိုင်​လော့။ ဤ​မြို့ မှ​မ​ထွက်​မ​ခွာ​နှင့်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 2