2. မင်းကြီးက``ငါသေရမည့်အချိန်ရောက်ပြီ။ သင်သည်မိမိအစွမ်းကိုယုံ၍ဇွဲသတ္တိရှိစွာ၊-
3. သင်၏ဘုရားသခင်ထာဝရဘုရား စေခိုင်း သည့်အတိုင်းပြုလော့။ မောရှေ၏ပညတ်ကျမ်း တွင်ဖော်ပြပါရှိသည့်အတိုင်း ကိုယ်တော်၏ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို လိုက်နာလော့။ သို့မှသာသင်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်လိမ့်မည်။-
4. သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
5. ``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။-
6. သင်သည်မိမိပြုရမည့်အမှုကိုသိပေသည်။ သူ့အားသဘာဝအလျောက်မသေစေနှင့်။
7. ``ဂိလဒ်ပြည်သားဗာဇိလဲ၏သားများကို မူ ကရုဏာထား၍ကြည့်ရှုစောင့်ရှောက်လော့။ အဘယ်ကြောင့်ဆိုသော်သင်၏အစ်ကိုအဗ ရှလုံ၏ဘေးမှငါထွက်ပြေးရစဉ်အခါက သူတို့သည်ငါ့အားကျေးဇူးပြုခဲ့ကြ သောကြောင့်ဖြစ်၏။
8. ``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-
9. သို့ရာတွင်သင်သည်သူ့ကိုအပြစ်ဒဏ်မစီ ရင်ဘဲမနေနှင့်။ ပြုရမည့်အမှုကိုသင်သိ သည်အတိုင်းသူ့အားသေဒဏ်စီရင်ရမည်'' ဟုမှာကြားတော်မူ၏။
10. ဒါဝိဒ်ကွယ်လွန်သောအခါ သူ့ကိုယေရုရှလင် မြို့တွင်သင်္ဂြိုဟ်ကြ၏။-
11. သူသည်ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင် မြို့၌သုံးဆယ့်သုံးနှစ်၊ စုစုပေါင်းအနှစ်လေး ဆယ်ဣသရေလဘုရင်အဖြစ်ဖြင့်နန်းစံ တော်မူ၏။-
12. ရှောလမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။ သူ၏တန်ခိုး အာဏာသည်လည်းတည်တံ့ခိုင်မြဲ၍ လာ၏။
13. ထိုနောက်ဟ္ဂိတ်၏သားအဒေါနိယသည် ရှောလမုန်၏မယ်တော်ဗာသရှေဘထံသို့ သွား၏။ ဗာသရှေဘက``သင်ယခုလာသည် မှာမိတ်ဆွေအနေနှင့်လော့'' ဟုမေး၏။အဒေါနိယက``ဟုတ်ပါသည်'' ဟု ပြန်ပြော ပြီးနောက်၊-
14. ``အကျွန်ုပ်မှာမယ်တော်အားပန်ကြားစရာ တစ်ခုရှိပါသည်'' ဟုဆို၏။မယ်တော်က``အဘယ်အရာနည်း'' ဟုမေး၏။
15. အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။-
16. ယခုကျွန်ုပ်တွင်မယ်တော်အားပန်ကြား စရာရှိပါသည်။ ကျေးဇူးပြု၍မငြင်း ပယ်ပါနှင့်'' ဟုပြန်ပြော၏။ဗာသရှေဘက``အဘယ်အရာနည်း'' ဟု မေး၏။