16. ယခုကျွန်ုပ်တွင်မယ်တော်အားပန်ကြား စရာရှိပါသည်။ ကျေးဇူးပြု၍မငြင်း ပယ်ပါနှင့်'' ဟုပြန်ပြော၏။ဗာသရှေဘက``အဘယ်အရာနည်း'' ဟု မေး၏။
17. အဒေါနိယက``ရှုနင်မြို့သူအဘိရှက်ကို အကျွန်ုပ်နှင့်ပေးစားထိမ်းမြားရန်ရှောလမုန် မင်းအားကျေးဇူးပြု၍လျှောက်ထားပေးပါ။ သူသည်မယ်တော်၏စကားကိုငြင်းပယ်လိမ့် မည်မဟုတ်ကြောင်း အကျွန်ုပ်သိပါသည်'' ဟု ပြန်ပြော၏။
18. ဗာသရှေဘကလည်း``ကောင်းပြီ။ သင်၏ အတွက်မင်းကြီးအားငါလျှောက်ထား မည်'' ဟုဆို၏။
19. ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
20. မယ်တော်က``သေးငယ်သောဆုကျေးဇူးတစ် ခုတောင်းလိုပါသည်။ မငြင်းပါနှင့်'' ဟု လျှောက်၏။မင်းကြီးက``မယ်တော်၊ တောင်းပါ၊ အကျွန်ုပ် မငြင်းပါ'' ဟုမိန့်တော်မူ၏။
21. ထိုအခါမယ်တော်က``အဘိရှက်ကိုနောင်တော် အဒေါနိယအားပေးစားတော်မူပါ'' ဟု တောင်းလေ၏။
22. မင်းကြီးက``မယ်တော်သည်အဘယ်ကြောင့် သူ၏အတွက် အဘိရှက်ကိုသာလျှင်တောင်း ပါသနည်း။ ထီးနန်းကိုပါတောင်းခံပါလော့။ အမှန်ကိုဆိုရလျှင်သူသည်အကျွန်ုပ်၏ နောင်တော်ဖြစ်၍ အဗျာသာနှင့်ယွာဘတို့ သည်လည်းသူ၏ဘက်တော်သားများဖြစ် ကြပါသည်'' ဟုမိန့်တော်မူ၏။-
23. ထို့နောက်ရှောလမုန်က``ဤအမှုကိုပြုသည့် အတွက် အဒေါနိယအားငါအသက်မသေ စေလျှင် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော။-
24. ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။
25. ထို့ကြောင့်ရှောလမုန်မင်းအမိန့်ပေးတော်မူ သဖြင့် ဗေနာယသည်သွား၍အဒေါနိယ အားကွပ်မျက်လေသည်။
26. ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။-
27. ထို့နောက်ရှောလမုန်သည်အဗျာသာအား ထာဝရဘုရား၏အမှုတော်ဆောင်ယဇ် ပုရောဟိတ်ရာထူးမှထုတ်ပယ်တော်မူ၏။ ဤသို့ဖြင့်မင်းကြီးသည်ရှိလောမြို့၌ ယဇ်ပုရောဟိတ်ဧလိနှင့်သားမြေးတို့ကို အကြောင်းပြု၍ ထာဝရဘုရားမိန့်တော် မူသောစကားတော်တို့ကိုအကောင် အထည်ပေါ်စေတော်မူသတည်း။
28. ဤအဖြစ်အပျက်ကိုယွာဘကြားသိ သောအခါ ထာဝရဘုရားစံတော်မူရာ တဲတော်သို့ထွက်ပြေးပြီးလျှင်ယဇ်ပလ္လင် ထောင့်စွယ်များ ကိုဆုပ်ကိုင်၍ထား၏။ (သူသည်အဒေါနိယ အားကူညီခဲ့သော်လည်းအဗရှလုံကိုမူ မကူညီခဲ့၊-)
29. သူသည်အဒေါနိယစံတော်မူရာတဲတော် သို့ထွက်ပြေးပြီးလျှင် ယဇ်ပလ္လင်အနီးတွင် ရပ်လျက်နေကြောင်းသတင်းရရှိသောအခါ ရှောလမုန်မင်းသည်ယွာဘအားအဘယ် ကြောင့်ယဇ်ပလ္လင်သို့ထွက်ပြေးရသည်ကိုလူ လွှတ်၍မေးတော်မူ၏။ ထိုအခါယွာဘက မိမိသည်ရှောလမုန်ကိုကြောက်သဖြင့် ထာ ဝရဘုရားထံတော်သို့ထွက်ပြေးရခြင်း ဖြစ်ကြောင်းပြန်ကြားလျှောက်ထားလေသည်။ ထို့ကြောင့်ရှောလမုန်မင်းသည်ဗေနာယ ကိုစေလွှတ်၍ယွာဘအားကွပ်မျက်စေ တော်မူ၏။-
30. ဗေနာယသည်ထာဝရဘုရားစံတော်မူ ရာတဲတော်သို့သွား၍ ယွာဘအား``အပြင် သို့ထွက်ခဲ့လော့။ မင်းကြီးအမိန့်တော်ရှိ သည်'' ဟုဆို၏။ယွာဘက``ငါမလာလို။ ဤအရပ်တွင်ပင် အသေခံမည်'' ဟုပြန်ပြော၏။ဗေနာယသည်လည်းမင်းကြီးထံပြန်သွား ပြီးလျှင် ယွာဘပြောသည့်စကားကိုပြန် ကြားလျှောက်ထားလေသည်။