ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 2:1-14 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​မိ​မိ​ကွယ်​လွန်​ချိန်​နီး​သော​အ​ခါ သား​တော်​ရှော​လ​မုန်​ကို​ခေါ်​၍​နောက်​ဆုံး​ညွှန် ကြား​ချက်​များ​ကို​ပေး​လေ​သည်။-

2. မင်း​ကြီး​က``ငါ​သေ​ရ​မည့်​အ​ချိန်​ရောက်​ပြီ။ သင်​သည်​မိ​မိ​အ​စွမ်း​ကို​ယုံ​၍​ဇွဲ​သတ္တိ​ရှိ​စွာ၊-

3. သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား စေ​ခိုင်း သည့်​အ​တိုင်း​ပြု​လော့။ မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း ကိုယ်​တော်​၏ ပညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို လိုက်​နာ​လော့။ သို့​မှ​သာ​သင်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။-

4. သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​နာ​ခံ​လျှင် ကိုယ် တော်​သည်​ငါ့​အား​ပေး​တော်​မူ​သော​က​တိ တော်​ကို​တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် က`သင်​၏​သား​မြေး​တို့​သည်​ငါ​၏​အ​မိန့် တော်​တို့​ကို​ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ​သ​မျှ​နှင့် တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ရန်​သ​တိ​ပြု သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​တို့​အား ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။

5. ``ထို့​ပြင်​သင့်​အား​မှာ​ကြား​ရန်​ကိစ္စ​တစ်​ခု ရှိ​သေး​၏။ ယွာ​ဘ​သည်​ဣ​သ​ရေ​လ​တပ်​မ တော်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော​နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ယေ​သာ​၏​သား​အာ​မ​သ​တို့ ကို​သတ်​ခြင်း​အား​ဖြင့် ငါ့​အား​အ​ဘယ်​သို့ ပြု​ခဲ့​ကြောင်း​သင်​မှတ်​မိ​ပါ​လိမ့်​မည်။ စစ် ဖြစ်​ချိန်​က​သတ်​ဖြတ်​မှု​များ​အ​တွက် လက်​စား​ချေ​သည့်​အ​နေ​ဖြင့် သူ​သည်​ထို သူ​တို့​အား​ငြိမ်း​ချမ်း​နေ​ချိန်​၌​အ​ဘယ် သို့​သတ်​ဖြတ်​ခဲ့​သည်​ကို​လည်း​သင်​မှတ်​မိ ပါ​လိမ့်​မည်။ သူ​သည်​အ​ပြစ်​မဲ့​သူ​များ အား​သတ်​ခဲ့​သည်။ သူ​ပြု​ခဲ့​သည့်​အ​မှု အ​တွက်​ယ​ခု​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့် သူ​၏​ဆိုး​မွေ​ကို​ငါ​ခံ​ရ​၏။-

6. သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။

7. ``ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​၏​သား​များ​ကို မူ က​ရု​ဏာ​ထား​၍​ကြည့်​ရှု​စောင့်​ရှောက်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​၏​အစ်​ကို​အ​ဗ ရှ​လုံ​၏​ဘေး​မှ​ငါ​ထွက်​ပြေး​ရ​စဉ်​အ​ခါ​က သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ပြု​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။

8. ``ဗင်္ယာ​မိန်​ပြည်၊ ဗာ​ဟု​ရိမ်​မြို့​သား​ဂေ​ရ​၏ သား​ရှိမိ​တစ်​ယောက်​လည်း​ရှိ​သေး​၏။ မ​ဟာ​နိမ် မြို့​သို့​ငါ​သွား​သည့်​နေ့​က​သူ​သည်​ငါ့​ကို ကြမ်း​တမ်း​စွာ​ကျိန်​ဆဲ​သော်​လည်း ယော်​ဒန် မြစ်​သို့​လာ​၍​ငါ့​အား​ခ​ရီး​ဦး​ကြို​ပြု​သော အ​ခါ​၌ ငါ​သည်​သူ့​အား​ကွပ်​မျက်​မည်​မ ဟုတ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု ခဲ့​သည်။-

9. သို့​ရာ​တွင်​သင်​သည်​သူ့​ကို​အ​ပြစ်​ဒဏ်​မ​စီ ရင်​ဘဲ​မ​နေ​နှင့်။ ပြု​ရ​မည့်​အ​မှု​ကို​သင်​သိ သည်​အ​တိုင်း​သူ့​အား​သေ​ဒဏ်​စီရင်​ရ​မည်'' ဟု​မှာ​ကြား​တော်​မူ​၏။

10. ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။-

11. သူ​သည်​ဟေ​ဗြုန်​မြို့​၌​ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင် မြို့​၌​သုံး​ဆယ့်​သုံး​နှစ်၊ စု​စု​ပေါင်း​အ​နှစ်​လေး ဆယ်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​နန်း​စံ တော်​မူ​၏။-

12. ရှော​လ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ သူ​၏​တန်​ခိုး အာ​ဏာ​သည်​လည်း​တည်​တံ့​ခိုင်​မြဲ​၍ လာ​၏။

13. ထို​နောက်​ဟ္ဂိတ်​၏​သား​အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​၏​မယ်​တော်​ဗာ​သ​ရှေ​ဘ​ထံ​သို့ သွား​၏။ ဗာ​သ​ရှေ​ဘ​က``သင်​ယ​ခု​လာ​သည် မှာ​မိတ်​ဆွေ​အ​နေ​နှင့်​လော့'' ဟု​မေး​၏။အ​ဒေါ​နိ​ယ​က``ဟုတ်​ပါ​သည်'' ဟု ပြန်​ပြော ပြီး​နောက်၊-

14. ``အ​ကျွန်ုပ်​မှာ​မယ်​တော်​အား​ပန်​ကြား​စ​ရာ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ဆို​၏။မယ်​တော်​က``အ​ဘယ်​အ​ရာ​နည်း'' ဟု​မေး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 2