ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 18:3-9 Common Language Bible (BCL)

3. ထို့​ကြောင့်​အာ​ဟပ်​သည်​နန်း​တော်​အုပ်​သြ​ဗ​ဒိ ကို​ခေါ်​တော်​မူ​၏။ (သြ​ဗ​ဒိ​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​လွန်​ကြည်​ညို​လေး​မြတ်​သူ ဖြစ်​သ​ဖြင့်၊-

4. ထာ​ဝ​ရ​ဘုရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ​ဗေ​လ သတ်​ဖြတ်​နေ​ချိန်​၌ ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး ဆယ်​စီ​နှစ်​စု​ခွဲ​၍​ဂူ​များ​တွင်​ဝှက်​ထား​ပြီး​လျှင် အ​စာ​ရေ​စာ​ကျွေး​မွေး​ခဲ့​၏။-)

5. အာ​ဟပ်​သည်​သြ​ဗ​ဒိ​အား``မြင်း​နှင့်​လား​များ မ​သေ​စေ​ခြင်း​ငှာ မြက်​တော​တွေ့​ကောင်း​တွေ့​နိုင် ရန်​တစ်​ပြည်​လုံး​ရှိ​စမ်း​ရေ​တွင်း​နှင့်​ချောင်း​များ ရှိ​ရာ​အ​ရပ်​ရပ်​သို့ ငါ​တို့​သွား​၍​ကြည့်​ရှု​ကြ ကုန်​အံ့။'' ဟု​ဆို​၏။-

6. သူ​တို့​နှစ်​ဦး​သွား​ရောက်​ကြည့်​ရ​မည့်​အ​ရပ် များ​ကို​သ​ဘော​တူ​ကြ​ပြီး​လျှင် တစ်​ယောက် တစ်​လမ်း​စီ​ထွက်​သွား​ကြ​၏။

7. ယင်း​သို့​ထွက်​ခွာ​သွား​စဉ်​သြ​ဗ​ဒိ​သည် ဧ​လိ​ယ နှင့်​ရုတ်​တ​ရက်​တွေ့​ဆုံ​မိ​လေ​သည်။ သူ​သည် ဧ​လိ​ယ​ကို​မှတ်​မိ​သ​ဖြင့်​ဦး​ညွှတ်​ပျပ်​ဝပ် ၍``အ​ရှင်​သည်​အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ​ပါ လော'' ဟု​မေး​၏။

8. ဧ​လိ​ယ​က​လည်း``ဟုတ်​ပါ​သည်။ သင်​သည်​သင် ၏​အ​ရှင်​ဘု​ရင်​မင်း​မြတ်​ထံ​သို့​သွား​၍ ဤ​အ​ရပ် တွင်​ငါ​ရှိ​ကြောင်း​လျှောက်​ထား​လော့'' ဟု​ဆို​၏။

9. သြ​ဗ​ဒိ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​သည့်​အ​တွက် အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အာ​ဟပ် မင်း​၏​လက်​တွင်​အ​သတ်​ခံ​ရ​စေ​ရန် ဤ​သို့​ခိုင်း စေ​တော်​မူ​လို​ပါ​သ​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 18