ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 18:25-38 Common Language Bible (BCL)

25. ထို​အ​ခါ​ဧ​လိ​ယ​သည် ဗာ​လ​ပ​ရော​ဖက်​တို့ အား``သင်​တို့​က​အ​ရေ​အ​တွက်​အား​ဖြင့်​များ သည်​ဖြစ်​သော​ကြောင့် နွား​တစ်​ကောင်​ကို​ဦး​စွာ ယူ​၍​ပြင်​ဆင်​ကြ​လော့။ သင်​တို့​၏​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ထင်း​များ ကို​မူ​မီး​မ​ညှိ​ကြ​နှင့်'' ဟု​ဆို​၏။

26. သူ​တို့​သည်​လည်း​မိ​မိ​တို့​ထံ​သို့​ယူ​ဆောင် လာ​သော​နွား​ကို​ယဇ်​ပူ​ဇော်​ရန်​အ​တွက် ပြင် ဆင်​ကြ​ပြီး​လျှင်​ဗာ​လ​ဘု​ရား​ထံ​သို့​မွန်း တည့်​ချိန်​တိုင်​အောင်​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​၏။ သူ​တို့​က``အို ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ ပါ'' ဟု​ဟစ်​အော်​ကြ​ပြီး​လျှင် မိ​မိ​တို့​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​၏​ပတ်​လည်​တွင် က​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ဗာ​လ​ဘု​ရား ထံ​မှ​မည်​သို့​မျှ​အ​ဖြေ​မ​ရ​ကြ။

27. မွန်း​တည့်​ချိန်​၌​ဧ​လိ​ယ​သည်​သူ​တို့​အား``သင် တို့​သည်​ပို​၍​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ကြ လော့။ ဗာ​လ​ကား​ဘု​ရား​ပေ​တည်း။ သူ​သည်​ဆင် ခြင်​စဉ်​စား​လျက်​သော်​လည်း​ကောင်း၊ တ​ပို​တ​ပါး သွား​လျက်​သော်​လည်း​ကောင်း၊ ခ​ရီး​လွန်​၍​သော် လည်း​ကောင်း​နေ​ပေ​မည်။ ထို​သို့​မ​ဟုတ်​လျှင်​လည်း အိပ်​လျက်​နေ​ကောင်း​နေ​မည်​ဖြစ်​၍​သူ့​အား နှိုး​ရ​ကြ​မည်'' ဟု​ပြက်​ရယ်​ပြု​၍​ဆို​၏။-

28. သို့​ဖြစ်​၍​ဗာ​လ​ပရော​ဖက်​တို့​သည်​ပို​၍​အ​သံ ကျယ်​စွာ​ဆု​တောင်း​လျက် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့် အ​တိုင်း​ဋ္ဌား​နှင့်​ဋ္ဌား​မြှောင်​များ​ဖြင့်​သွေး​ယို စီး​လာ​သည့်​တိုင်​အောင်​ကိုယ်​ကို​ရှ​စေ​ကြ လေ​သည်။-

29. သူ​တို့​သည်​ည​နေ​စောင်း​တိုင်​အောင်​ကျယ်​လောင် စွာ​ဟစ်​အော်​ကြ​သော်​လည်း​အ​ဖြေ​မ​ရ​ကြ။ မည်​သည့်​အ​သံ​ကို​လည်း​မ​ကြား​ရ​ကြ။

30. ထို့​နောက်​ဧ​လိ​ယ​က​လူ​တို့​အား``ငါ့​အ​နီး သို့​လာ​ကြ​လော့'' ဟု​ဆို​သ​ဖြင့် လူ​တို့​သည် သူ​၏​ပတ်​လည်​သို့​လာ​ရောက်​စု​ရုံး​ကြ​သော အ​ခါ ဧ​လိ​ယ​သည်​ဖြို​ချ​ထား​သည့်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ကို​ပြန်​၍​ပြု​ပြင်​၏။-

31. သူ​သည်​ဣ​သ​ရေ​လ​ဟူ​သော​နာ​မည်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သ​မုတ်​တော်​မူ​သူ ယာ​ကုပ်​မှ ဆင်း​သက်​လာ​သော​တစ်​ဆယ့်​နှစ်​နွယ်​ကို​ရည် စူး​၍​ကျောက်​ဆယ့်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင်၊-

32. ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယဇ် ပလ္လင်​ကို​တည်​လေ​သည်။ ထို​ယဇ်​ပလ္လင်​၏​ပတ်​လည် ၌​ရေ​လေး​ဂါ​လံ​ခန့်​ဝင်​သည့်​မြောင်း​ကို​တူး​၏။-

33. ထို့​နောက်​ထင်း​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စီ​၍​တင် ပြီး​နောက် နွား​ကို​အ​ပိုင်း​ပိုင်း​ခုတ်​၍​ထင်း​ပေါ်​တွင် တင်​ထား​လေ​သည်။ သူ​က``အိုး​လေး​လုံး​ကို​ရေ အ​ပြည့်​ခပ်​၍​ပူ​ဇော်​သကာ​နှင့်​ထင်း​ပေါ်​သို့ လောင်း​လော့'' ဟု​ဆို​သည့်​အ​တိုင်း​လူ​တို့ လောင်း​ပြီး​သော​အ​ခါ၊-

34. ဧ​လိ​ယ​က``တစ်​ဖန်​လောင်း​ဦး​လော့'' ဟု​ဆို​၏။ လူ​တို့​သည်​နောက်​တစ်​ကြိမ်​လောင်း​ပြီး​သော​အ​ခါ ဧ​လိ​ယ​က``ထပ်​မံ​၍​လောင်း​ဦး​လော့'' ဟု​ဆို ပြန်​၏။ လူ​တို့​သည်​လည်း​ထပ်​မံ​၍​လောင်း​ကြ သ​ဖြင့်၊-

35. ရေ​သည်​ယဇ်​ပလ္လင်​ပတ်​လည်​သို့​စီး​၍​မြောင်း သည်​ရေ​ပြည့်​လေ​၏။

36. ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။-

37. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ထာ​ဝ​ရ​အ​ရှင် သည် ဘု​ရား​အ​မှန်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ဤ​သူ​တို့​အား​အ​ထံ​တော်​သို့​ပြန် လည်​ခေါ်​ယူ​လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း ကောင်း ဤ​လူ​တို့​သိ​စေ​ခြင်း​ငှာ​အ​ကျွန်ုပ်​အား ဖြေ​ကြား​တော်​မူ​ပါ။ ဖြေ​ကြား​တော်​မူ​ပါ'' ဟု ဆု​တောင်း​လေ​၏။

38. ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် ယဇ်​ပူ​ဇော်​သကာ​နှင့်​တ​ကွ​ထင်း​နှင့်​ကျောက်​တုံး​များ ပါ​ကျွမ်း​လောင်​သွား​သည့်​အ​ပြင် မြေ​ကြီး​သည်​လည်း မီး​ကျွမ်း​၍​မြောင်း​ထဲ​ရှိ​ရေ​ကို​ခန်း​ခြောက်​စေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 18