ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 18:10-21 Common Language Bible (BCL)

10. မင်း​ကြီး​သည်​အ​ရှင့်​အား​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ တွင်​ရှာ​ဖွေ​စေ​ကြောင်း​ကို အ​သက်​ရှင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​အ​ရှင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​အ​ကျွန်ုပ်​ကျိန်​ဆို​ပါ​၏။ ဤ မည်​သော​နိုင်​ငံ​တွင်​ဧ​လိ​ယ​မ​ရှိ​ပါ​ဟု​ဆို​သော မင်း​အား မင်း​ကြီး​က​အ​ကယ်​ပင်​ရှာ​၍​မ​တွေ့ ကြောင်း​ကို​သစ္စာ​ဆို​စေ​ပါ​၏။-

11. ယ​ခု​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အာ​ဟပ်​မင်း ထံ​သို့​သွား​၍ ဤ​အ​ရပ်​တွင်​အ​ရှင်​ရှိ​နေ ကြောင်း​လျှောက်​ထား​စေ​ပါ​၏။-

12. အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော် သည်​အ​ကျွန်ုပ်​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် အ​ရှင့်​အား​အ​ကျွန်ုပ်​မ​သိ​သည့်​အ​ရပ်​သို့ ခေါ်​ဆောင်​သွား​ခဲ့​သော် အ​ကျွန်ုပ်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ ဤ​အ​ရပ်​တွင်​အ​ရှင်​ရှိ နေ​ကြောင်း​မင်း​ကြီး​အား​အကျွန်ုပ်​လျှောက်​ထား ပြီး​နောက် မင်း​ကြီး​သည်​အ​ရှင်​အား​မ​တွေ့ ရ​ပါ​က​အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​သူ​ငယ်​အ​ရွယ်​မှ​အ​စ​ပြု ၍​ထာ​ဝ​ရ​ဘု​ရား​အား​အ​လွန်​ကြည်​ညို လေး​မြတ်​ခဲ့​သူ​ဖြစ်​ကြောင်း​အောက်​မေ့ သ​တိ​ရ​တော်​မူ​ပါ။-

13. ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ ဗေ​လ​သတ်​နေ​သော​အ​ခါ​၌ အ​ကျွန်ုပ်​သည် ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး​ဆယ်​စီ​နှစ်​စု​ခွဲ​၍ ဂူ​များ​တွင်​ဝှက်​ထား​ကာ အ​စာ​ရေ​စာ​ကျွေး မွေး​ခဲ့​ကြောင်း​ကို​အ​ရှင်​ကြား​တော်​မ​မူ​ပါ သ​လော။-

14. သို့​ဖြစ်​၍​အ​ရှင်​သည်​အ​ဘယ်​သို့​လျှင် အ​ကျွန်ုပ် အား​မင်း​ကြီး​ထံ​သို့​စေ​လွှတ်​၍ ဤ​အ​ရပ်​တွင် အ​ရှင်​ရှိ​တော်​မူ​ကြောင်း​လျှောက်​ထား​စေ​နိုင် ပါ​မည်​နည်း။ သူ​သည်​အ​ကျွန်ုပ်​အား​သတ် ပါ​လိမ့်​မည်'' ဟု​ဆို​၏။

15. ဧ​လိ​ယ​က``ငါ​သည်​ယ​နေ့​မင်း​ကြီး​၏​ရှေ့​တော် သို့​ဝင်​မည်​ဖြစ်​ကြောင်း ငါ​ကိုး​ကွယ်​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​၏'' ဟု​ဆို​၏။

16. ထို့​ကြောင့်​သြ​ဗ​ဒိ​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍ လျှောက်​ထား​ရာ အာ​ဟပ်​သည်​ဧ​လိ​ယ​နှင့်​တွေ့​ဆုံ ရန်​ကြွ​လာ​တော်​မူ​၏။-

17. ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ​အာ​ဟပ်​က``ဣ​သ ရေ​လ​ပြည်​တွင်​ဒုက္ခ​ပေး​သူ​ကို​ယ​ခု​ငါ​တွေ့ ပြီ'' ဟု​ဆို​၏။

18. ဧ​လိ​ယ​က``ဒုက္ခ​ပေး​သူ​မှာ​ငါ​မ​ဟုတ်။ ဒုက္ခ​ပေး သူ​များ​မှာ​သင်​နှင့်​သင်​၏​ခ​မည်း​တော်​သာ​လျှင် ဖြစ်​ပါ​သည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​တို့​ကို​လွန်​ဆန်​၍ ဗာ​လ​ဘု​ရား​၏​ရုပ်​တု များ​ကို​ရှိ​ခိုး​ဝတ်​ပြု​လျက်​နေ​ပေ​သည်။-

19. ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​က​ရ မေ​လ​တောင်​ထိပ်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ကြ​ရန် အ​မိန့်​ပေး​ပါ​လော့။ ယေ​ဇ​ဗေ​လ​မိ​ဖု​ရား ထောက်​ပံ့​ကျွေး​မွေး​ထား​သည့်​ဗာ​လ​ပ​ရော​ဖက် လေး​ရာ့​ငါး​ဆယ်​နှင့်​အာ​ရှ​ရ​ဘု​ရား​မ​၏ ပ​ရော​ဖက်​လေး​ရာ​တို့​ကို​လည်း​ခေါ်​ဖိတ်​ပါ လော့'' ဟု​ပြန်​ပြော​၏။

20. သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​နှင့် ဗာ​လ​ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ထိပ်​သို့​စု​ရုံး​စေ​တော်​မူ​၏။-

21. ဧ​လိ​ယ​သည်​ထို​လူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍``သင် တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင်​စိတ်​ဇ​ဝေ​ဇ​ဝါ ရှိ​နေ​ကြ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​မှန်​ဖြစ်​လျှင် ကိုယ်​တော်​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။ ဗာ​လ​သည်​ဘု​ရား​အ​မှန် ဖြစ်​လျှင်​မူ​ကား​သူ့​အား​ဝတ်​ပြု​ကိုး​ကွယ် ကြ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​လူ​တို့​သည် မည်​သို့​မျှ​ပြန်​၍​မ​ပြော​ကြ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 18