ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 18:1-5 Common Language Bible (BCL)

1. ထို့​နောက်​ကာ​လ​အ​တန်​ကြာ​၍ မိုး​ခေါင်​ချိန် သုံး​နှစ်​မျှ​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား``သင်​သည်​သွား​၍​အာ​ဟပ်​မင်း ၏​ရှေ့​တော်​သို့​ဝင်​လော့။ ငါ​သည်​မိုး​ကို​ရွာ စေ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း၊-

2. ဧ​လိ​ယ​သည်​လည်း​သွား​လေ​၏။ထို​အ​ချိန်​အ​ခါ​၌ ရှ​မာ​ရိ​ပြည်​မိုး​ခေါင်​မှု သည် အ​ဆိုး​ဆုံး​အ​ခြေ​အ​နေ​သို့​ရောက် လျက်​ရှိ​၏။-

3. ထို့​ကြောင့်​အာ​ဟပ်​သည်​နန်း​တော်​အုပ်​သြ​ဗ​ဒိ ကို​ခေါ်​တော်​မူ​၏။ (သြ​ဗ​ဒိ​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​လွန်​ကြည်​ညို​လေး​မြတ်​သူ ဖြစ်​သ​ဖြင့်၊-

4. ထာ​ဝ​ရ​ဘုရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ​ဗေ​လ သတ်​ဖြတ်​နေ​ချိန်​၌ ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး ဆယ်​စီ​နှစ်​စု​ခွဲ​၍​ဂူ​များ​တွင်​ဝှက်​ထား​ပြီး​လျှင် အ​စာ​ရေ​စာ​ကျွေး​မွေး​ခဲ့​၏။-)

5. အာ​ဟပ်​သည်​သြ​ဗ​ဒိ​အား``မြင်း​နှင့်​လား​များ မ​သေ​စေ​ခြင်း​ငှာ မြက်​တော​တွေ့​ကောင်း​တွေ့​နိုင် ရန်​တစ်​ပြည်​လုံး​ရှိ​စမ်း​ရေ​တွင်း​နှင့်​ချောင်း​များ ရှိ​ရာ​အ​ရပ်​ရပ်​သို့ ငါ​တို့​သွား​၍​ကြည့်​ရှု​ကြ ကုန်​အံ့။'' ဟု​ဆို​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 18