ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 17:2-12 Common Language Bible (BCL)

2. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​အား၊-

3. ``ဤ​မြို့​မှ​ထွက်​ခွာ​ကာ​အ​ရှေ့​အ​ရပ်​သို့​သွား ပြီး​လျှင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ခေ​ရိတ် ချောင်း​အ​နီး​တွင်​ပုန်း​အောင်း​လော့။-

4. သင်​သည်​ထို​ချောင်း​မှ​သောက်​ရေ​ကို​ရ​လိမ့်​မည်။ သင်​ရှိ​ရာ​သို့​အ​စား​အ​စာ​ယူ​ဆောင်​လာ​ရန် ကျီး​အ​တို့​ကို​လည်း​ငါ​မှာ​ထား​ပြီး​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

5. ဧ​လိ​ယ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက်​ခေ​ရိတ်​ချောင်း​သို့​သွား​ရောက် နေ​ထိုင်​လေ​သည်။-

6. သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။-

7. ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​မိုး​ခေါင်​သ​ဖြင့် ချောင်း​ရေ​သည်​ခန်း​ခြောက်​လေ​၏။

8. ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​က​ဧ​လိ​ယ​အား၊-

9. ``ယ​ခု​သင်​သည်​ဇိ​ဒုန်​မြို့​အ​နီး​ရှိ​ဇ​ရတ္တ​မြို့ သို့​သွား​၍​နေ​ထိုင်​လော့။ ထို​မြို့​သူ​မု​ဆိုး​မ တစ်​ယောက်​အား သင့်​ကို​ကျွေး​မွေး​ရန်​ငါ​မှာ ကြား​ထား​ပြီ'' ဟု​မိန့်​တော်​မူ​၏။-

10. သို့​ဖြစ်​၍​ဧ​လိ​ယ​သည်​ဇ​ရတ္တ​မြို့​သို့​သွား လေ​သည်။ သူ​သည်​မြို့​တံ​ခါး​ဝ​သို့​ရောက်​သော အ​ခါ ထင်း​ခွေ​နေ​သော​မု​ဆိုး​မ​တစ်​ယောက်​ကို တွေ့​သ​ဖြင့်``ငါ့​အား​သောက်​ရေ​တစ်​ပေါက် လောက်​ပေး​ပါ'' ဟု​ပြော​၏။-

11. မု​ဆိုး​မ​သည်​ရေ​ခပ်​ရန်​ထွက်​သွား​သော​အ​ခါ ဧ​လိ​ယ​က``ငါ့​အ​တွက်​မုန့်​အ​နည်း​ငယ်​ကို လည်း​ယူ​လာ​ခဲ့​ပါ'' ဟု​ဟစ်​အော်​၍​ပြော​၏။

12. မု​ဆိုး​မ​က``ကျွန်​မ​မှာ​မုန့်​တစ်​ချပ်​မျှ​မ​ရှိ ကြောင်း အ​သက်​ရှင်​တော်​မူ​သော​သင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​ပါ​၏။ မုန့်​ခွက် ထဲ​တွင်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​နှင့်​ဆီ​ဘူး တွင် သံ​လွင်​ဆီ​အ​နည်း​ငယ်​မျှ​သာ​ကျွန်​မ​မှာ ရှိ​ပါ​၏။ ဤ​ရှိ​စု​မဲ့​စု​က​လေး​ဖြင့်​ကျွန်​မ နှင့်​သား​ငယ်​အ​တွက်​မုန့်​လုပ်​၍​မီး​ဖုတ်​စား နိုင်​ရန် ဤ​နေ​ရာ​သို့​လာ​၍​ထင်း​အ​နည်း​ငယ် ခွေ​နေ​ခြင်း​ဖြစ်​ပါ​သည်။ ထို​မုန့်​သည်​ကျွန်​မ တို့​နောက်​ဆုံး​စား​ကြ​ရ​မည့်​အ​စား​အ​စာ​ပင် ဖြစ်​ပါ​သည်။ ထို့​နောက်​ကျွန်​မ​တို့​သည်​အ​စာ ငတ်​၍​သေ​ကြ​ရန်​ပင်​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 17