ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 16:21-31 Common Language Bible (BCL)

21. ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။-

22. နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။-

23. သို့​ဖြစ်​၍​သူ​သည်​ယု​ဒ​ဘု​ရင်​အာ​သ​နန်း စံ​သုံး​ဆယ့်​တစ်​နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ပြည် တွင်​နန်း​တက်​၍​တစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​လေ သည်။ သူ​သည်​တိ​ရ​ဇ​မြို့​တွင်​ပ​ထ​မ​ခြောက် နှစ်​နန်း​စံ​ပြီး​လျှင်၊-

24. ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။

25. သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-

26. သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​ယေ​ရော​ဗောင် ကဲ့​သို့ မိ​မိ​၏​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​နှင့်​ရုပ်​တု များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန်​ရှေ့​ဆောင်​လမ်း ပြ​ပေး​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​၏။-

27. သြ​မ​ရိ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​သား​ထား သ​တည်း။-

28. သြ​မ​ရိ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

29. ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။-

30. သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-

31. သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 16