1-2. ဟာနန်၏သားပရောဖက်ယေဟုထံသို့၊ ဗာရှာ အားဆင့်ဆိုရန်၊ ထာဝရဘုရားထံတော်မှ ဗျာဒိတ်တော်ရောက်ရှိလာ၏။ ``သင်သည်မရေ ရာသူဖြစ်ခဲ့သော်လည်း ငါသည်သင့်အားငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ ၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူခဲ့၏။ သို့ရာတွင်သင်သည်ယေရောဗောင်ကဲ့သို့ပင် အပြစ်ကူးပြီးလျှင် ငါ၏လူမျိုးတော်အား လည်းအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြခဲ့ လေပြီ။ သူတို့၏အပြစ်များသည်ငါ၏ အမျက်တော်ကိုလှုံ့ဆော်ပေးသည်ဖြစ်၍၊-
3. ငါသည်ယေရောဗောင်အားပြုသကဲ့သို့ သင် နှင့်သင့်အိမ်ထောင်စုသားများအားသုတ် သင်ပယ်ရှင်းပစ်မည်။-
4. မြို့တွင်သေသူသင်၏အိမ်ထောင်စုသားတို့ သည်ခွေးစာ၊ မြို့ပြင်တွင်သေသူသည်လင်း တစာဖြစ်ကြလိမ့်မည်။''
5. ဗာရှာဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ များရှိသမျှနှင့် သူ၏စွန့်စားခန်းများကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
6. ဗာရှာကွယ်လွန်သောအခါသူ့ကိုတိရဇ မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ဧလာသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
7. ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။
8. ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခြောက်နှစ် မြောက်၌ ဗာရှာ၏သားတော်ဧလာသည်ဣသ ရေလပြည်တွင်နန်းတက်ပြီးလျှင် တိရဇမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
9. ဘုရင့်ရထားတပ်ခွဲမှူးဇိမရိဆိုသူသည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လေသည်။ တစ်နေ့သ၌မင်းကြီးသည်တိရဇမြို့ရှိနန်း တော်အုပ်အာဇ၏အိမ်တွင်သောက်စားမူးယစ် လျက်နေစဉ်၊-
10. ဇိမရိသည်ထိုအိမ်သို့ဝင်၍ဧလာအားလုပ် ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍မင်း ပြု၏။ ယုဒဘုရင်အာသနန်းစံနှစ်ဆယ့် ခုနစ်နှစ်မြောက်၌ဧလာသည်လုပ်ကြံခြင်း ကိုခံရသတည်း။
11. ဇိမရိသည်ဘုရင်ဖြစ်လျှင်ဖြစ်ချင်း ဗာရှာ ၏အိမ်ထောင်စုသားအပေါင်းကိုသတ်ပြီး နောက် ဗာရှာ၏ဆွေမျိုးမိတ်သင်္ဂဟများ အနက်ယောကျာ်းမှန်သမျှကိုလည်းသတ် လေသည်။-
12. သို့ဖြစ်၍ပရောဖက်ယေဟုအားဖြင့်ဗာရှာ အား ထာဝရဘုရားမိန့်တော်မူခဲ့သည့်စကား နှင့်အညီ ဇိမရိသည်ဗာရှာနှင့်အိမ်ထောင် စုသားအပေါင်းကိုသတ်လေသတည်း။-
13. ဗာရှာနှင့်သားတော်ဧလာသည်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်လည်း ကောင်း၊ ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် လည်းကောင်း ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၏အမျက် တော်ကိုလှုံ့ဆော်ပေးကြ၏။-
14. ဧလာဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များကိုဣသရေလရာဇဝင်တွင်ရေးထား သတည်း။
15. ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခုနစ် နှစ်မြောက်၌ ဇိမရိသည်ဣသရေလဘုရင် အဖြစ်ဖြင့်တိရဇမြို့တွင်ခုနစ်ရက်မျှ နန်းစံရ၏။ ထိုအခါ၌ဣသရေလစစ် သည်တော်တို့သည် ဖိလိတ္တိပြည်ဂိဗေသုန် မြို့ကိုဝိုင်းရံထားကြ၏။-
16. သူတို့သည်မင်းကြီးအားဇိမရိလျှို့ဝှက် လုပ်ကြံသည့်သတင်းကိုကြားသောအခါ ချက်ချင်းထိုအရပ်၌ပင်မိမိတို့၏ဗိုလ်ချုပ် သြမရိကိုဣသရေလဘုရင်အဖြစ်မင်း မြှောက်ကြ၏။-