ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 16:15-23 Common Language Bible (BCL)

15. ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ဇိ​မ​ရိ​သည်​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​တိ​ရ​ဇ​မြို့​တွင်​ခု​နစ်​ရက်​မျှ နန်း​စံ​ရ​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​စစ် သည်​တော်​တို့​သည် ဖိ​လိတ္တိ​ပြည်​ဂိ​ဗေ​သုန် မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-

16. သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။-

17. သြ​မ​ရိ​နှင့်​သူ​၏​စစ်​သူ​ရဲ​တို့​သည်​ဂိ​ဗေ​သုန် မြို့​မှ​ထွက်​ခွာ​၍ တိ​ရ​ဇ​မြို့​သို့​သွား​ရောက်​ဝိုင်း ရံ​ထား​ကြ​၏။-

18. မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-

19. ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။-

20. လျှို့​ဝှက်​လုပ်​ကြံ​မှု​အ​ပါ​အ​ဝင်​ဇိ​မ​ရိ​ဆောင် ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။

21. ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။-

22. နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။-

23. သို့​ဖြစ်​၍​သူ​သည်​ယု​ဒ​ဘု​ရင်​အာ​သ​နန်း စံ​သုံး​ဆယ့်​တစ်​နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ပြည် တွင်​နန်း​တက်​၍​တစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​လေ သည်။ သူ​သည်​တိ​ရ​ဇ​မြို့​တွင်​ပ​ထ​မ​ခြောက် နှစ်​နန်း​စံ​ပြီး​လျှင်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 16