ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 13:30-34 Common Language Bible (BCL)

30. သူ​သည်​ထို​အ​လောင်း​ကို​မိ​မိ​၏​အိမ်​ထောင်​စု သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ပြီး​နောက် မိ​မိ​၏​သား​များ နှင့်​အ​တူ``အို ငါ့​ညီ၊ ငါ့​ညီ'' ဟု​ဆို​၍​ငို​ကြွေး မြည်း​တမ်း​လေ​သည်။-

31. ထို​နောက်​ပ​ရော​ဖက်​အို​ကြီး​သည်​မိ​မိ​၏​သား များ​အား``ငါ​သေ​သော​အ​ခါ​ထို​သူ​၏​အ​နီး တွင်​ကပ်​၍​ဤ​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လော့။-

32. ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။

33. ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​ယ​ခု​တိုင် အောင်​ပင် မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်​သေး ဘဲ မိ​မိ​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​တွင် အ​မှု​ထမ်း​ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သာ​မန် အိမ်​ထောင်​စု​များ​မှ​ရွေး​ချယ်​ခန့်​ထား​လေ့​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​လုပ်​လို​သူ​မှန်​သ​မျှ​ကို ခန့်​ထား​လေ​သည်။-

34. ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 13