ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 13:1-3 Common Language Bible (BCL)

1. ယု​ဒ​ပြည်​မှ​ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ဗေ​သ​လ​မြို့​သို့ သွား​ရာ​ယဇ်​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​တွင်​ယေ​ရော ဗောင်​ရပ်​လျက်​နေ​ချိန်​၌​ရောက်​ရှိ​လာ​လေ​သည်။-

2. ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​တိုင်း​ပ​ရော ဖက်​က``အို ယဇ်​ပလ္လင်၊ ယဇ်​ပလ္လင်၊ ထာ​ဝ​ရ​ဘု​ရား က`ယော​ရှိ​နာ​မည်​တွင်​မည့်​သူ​ငယ်​သည်​ဒါ​ဝိဒ် ၏​သား​ချင်း​စု​တွင်​ဖွား​မြင်​လိမ့်​မည်။ ပူ​ဇော် သကာ​များ​ကို​သင်​၏​အ​ပေါ်​တွင်​တင်​လှူ​ကာ မိစ္ဆာ​ယဇ်​ပလ္လင်​များ​တွင်​အ​မှု​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား သူ​သည်​သင့်​အ​ပေါ် မှာ​တင်​၍​ယဇ်​ပူ​ဇော်​လိမ့်​မည်။ လူ​ရိုး​တို့​ကို လည်း​တင်​၍​မီး​ရှို့​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။-

3. ထို့​နောက်​ပ​ရော​ဖက်​က​ဆက်​လက်​၍``ဤ​ယဇ်​ပလ္လင် သည်​ပြို​ကွဲ​၍ ပလ္လင်​ပေါ်​ရှိ​ပြာ​တို့​သည်​လည်း​ပျံ့ လွင့်​လိမ့်​မည်။ ထို​အ​ခါ​ငါ့​အား​ဖြင့်​ဤ​စ​ကား ကို​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​သင် သိ​လိမ့်​မည်'' ဟု​ဟော​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 13