ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 11:3-14 Common Language Bible (BCL)

3. ရှော​လ​မုန်​သည်​မင်း​သ​မီး​ခု​နစ်​ရာ​ကို​ထိမ်း မြား​သည့်​အ​ပြင် သူ​၏​မောင်း​မ​တော်​သုံး​ရာ ရှိ​သေး​၏။ သူ​တို့​သည်​မင်း​ကြီး​အား​ထာ​ဝ​ရ ဘု​ရား​ကို​ကျော​ခိုင်း​စေ​ပြီး​လျှင်၊-

4. အို​မင်း​လာ​ချိန်​၌​လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​ကြ​၏။ မင်း​ကြီး သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား​သစ္စာ​မ​စောင့်​ဘဲ၊-

5. ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်​နှင့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့် အမ္မုန်​ဘု​ရား​မိ​လ​ကုံ​အား​ဝတ်​ပြု ကိုး​ကွယ်​၍၊-

6. ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​ဒု​စ​ရိုက်​ကို​ပြု လျက် ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား ထံ​လုံး​ဝ​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း​မ​ပြု​ပေ။-

7. ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။-

8. လူ​မျိုး​ခြား​မိ​ဖု​ရား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ သက်​ဆိုင်​ရာ​ဘု​ရား​များ​အား​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​နိုင်​ရန်​နှင့် ယဇ်​ပူ​ဇော်​နိုင်​ရန်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက် ပေး​တော်​မူ​၏။

9-10. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လ​မုန်​အား​နှစ်​ကြိမ် တိုင်​တိုင်​ထင်​ရှား​၍ လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​ရန်​မိန့် ကြား​တော်​မူ​သော်​လည်း ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား မ​ထောင်​ဘဲ ကိုယ်​တော်​အား​ကျော​ခိုင်း​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လ​မုန်​အား အမျက်​ထွက်​တော်​မူ​သ​ဖြင့်၊-

11. ``သင်​သည်​ငါ​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို ချိုး​ဖောက်​လျက် ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် သည်​ဖြစ်​၍ ငါ​သည်​နိုင်​ငံ​တော်​ကို​သင့်​လက်​မှ မု​ချ​ရုပ်​သိမ်း​ပြီး​လျှင် သင်​၏​မှူး​မတ်​တစ်​ဦး အား​ပေး​အပ်​မည်။-

12. သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-

13. သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။

14. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​မင်း​မျိုး​နွယ် တစ်​ဦး​ဖြစ်​သူ​ဟာ​ဒဒ်​အား ရှော​လ​မုန်​ကို​ပုန်​ကန် စေ​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 11