ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 11:18-32 Common Language Bible (BCL)

18. သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-

19. ဟာ​ဒဒ်​သည်​မင်း​ကြီး​နှင့်​ချစ်​ကျွမ်း​ဝင်​၍​လာ ရ​ကား မင်း​ကြီး​က​သူ့​အား​မိ​ဖု​ရား​တာ​ပ​နက် ၏​ညီ​မ၊ မိ​မိ​၏​ခယ်​မ​တော်​နှင့်​စုံ​ဖက်​ပေး​တော် မူ​၏။-

20. ထို​အ​မျိုး​သ​မီး​သည်​သား​ဂေ​နု​ဗတ်​ကို​ဖွား​မြင် ရာ ထို​သား​ကို​နန်း​တော်​တွင်း​၌​မိ​ဖု​ရား​က​ပင် လျှင်​စောင့်​ရှောက်​ပြု​စု​ထား​သ​ဖြင့် သူ​ငယ်​သည် ဘု​ရင်​၏​သား​တော်​များ​နှင့်​အ​တူ​နေ​ထိုင်​ရ လေ​သည်။

21. ဒါ​ဝိဒ်​မင်း​ကွယ်​လွန်​တော်​မူ​၍ တပ်​မ​တော်​ဗိုလ် ချုပ်​ယွာ​ဘ​သည်​လည်း​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အီ​ဂျစ်​ပြည်​သို့​သ​တင်း​ရောက်​ရှိ​လာ​သော အ​ခါ ဟာ​ဒဒ်​က​အီ​ဂျစ်​ဘု​ရင်​ထံ``အ​ကျွန်ုပ် အား​မိ​မိ​တိုင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​တော်​မူ ပါ'' ဟု​လျှောက်​လေ​၏။

22. မင်း​ကြီး​က``အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​လို ဆန္ဒ​မ​ပြည့်​ဝ​၍​သင့်​ပြည်​သို့​ပြန်​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ဟာ​ဒဒ်​က``ယင်း​သို့​မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ပြန် ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ပြီး​လျှင် မိ​မိ​၏​ပြည်​သို့​ပြန်​သွား​လေ​၏။ဟာ​ဒဒ်​သည်​ဧ​ဒုံ​ပြည်​တွင်​မင်း​ပြု​လျက် ဣ​သ ရေ​လ​လူ​မျိုး​ကို​ရွံ​ရှာ​၍​ရန်​မူ​လေ​သည်။

23. ဘု​ရား​သ​ခင်​သည်​ဧ​လျာ​ဒ​၏​သား​ရေ​ဇုန်​ကို လည်း ရှော​လ​မုန်​အား​ပုန်​ကန်​စေ​တော်​မူ​၏။ ရေ​ဇုန် သည်​မိ​မိ​၏​သ​ခင်၊ ဇော​ဘ​ဘု​ရင်၊ ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ထွက်​ပြေး​ပြီး​လျှင်​တော​ပုန်း​အ​ဖွဲ့​ခေါင်း ဆောင်​လုပ်​၍​နေ​လေ​၏။-

24. (ဤ​သို့​ဖြစ်​ပျက်​မှု​မှာ​ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ ကို​နှိမ်​နင်း​၍ ထို​မင်း​၏​ရှု​ရိ​မ​ဟာ​မိတ်​များ​ကို သုတ်​သင်​ပြီး​ချိန်​၌​ဖြစ်​သ​တည်း။) ရေ​ဇုန်​သည် မိ​မိ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ဒ​မာ​သက်​မြို့ သို့​သွား​ရောက်​နေ​ထိုင်​ရာ​သူ​၏​လူ​တို့​သည်​သူ့ ကို​ရှု​ရိ​ဘုရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​လေ​သည်။-

25. ရေ​ဇုန်​သည်​လည်း​ရှော​လ​မုန်​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား ရန်​မူ​လျက်​နေ​၏။

26. ရှော​လ​မုန်​အား​ပုန်​ကန်​သူ​အ​ခြား​လူ​တစ်​ယောက် မှာ ဧ​ဖ​ရိမ်​ပြည်၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ဖြစ်​သည်။ သူ​သည်​ရှော​လ​မုန်​၏ နန်း​တွင်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​၍ သူ​၏​မိ​ခင်​မှာ ဇေရွာ​နာ​မည်​ရှိ​သော​မု​ဆိုး​မ​ဖြစ်​၏။-

27. ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။-

28. လုပ်​ရည်​ကိုင်​ရည်​ကောင်း​သူ​ယေ​ရော​ဗောင်​၏​လုံ့​လ ဝိ​ရိ​ယ​ကို​မြင်​တော်​မူ​သော​အ​ခါ ရှော​လ​မုန် သည်​သူ့​အား​မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​များ အ​တွက် ချွေး​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​အပ်​တော် မူ​၏။-

29. တစ်​နေ့​သ၌​ယေ​ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့ မှ​ခ​ရီး​ပြု​ရန်​ထွက်​ခွာ​လာ​စဉ် လမ်း​ပေါ်​၌​သူ နှင့်​ရှိ​လော​မြို့​သား​ပ​ရော​ဖက်​အ​ဟိ​ယ​တို့ နှစ်​ဦး​တည်း​တွေ့​ဆုံ​မိ​ကြ​လေ​သည်။-

30. အ​ဟိ​ယ​သည်​မိ​မိ​ဝတ်​ထား​သည့်​ဝတ်​လုံ သစ်​ကို​ချွတ်​၍ တစ်​ဆယ့်​နှစ်​ပိုင်း​ဆုတ်​ဖြဲ ပြီး​လျှင်၊-

31. ယေ​ရော​ဗောင်​အား``သင့်​အ​တွက်​ဝတ်​လုံ​စ ဆယ်​ခု​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ငါ​သည်​ရှော​လ​မုန်​ထံ​မှ​နိုင်​ငံ​တော်​ကို ရုပ်​သိမ်း​၍ ဣသ​ရေ​လ​တို့​၏​နယ်​မြေ​ဆယ်​ခု ကို​ပေး​မည်။-

32. ငါ​၏​အ​စေ​ခံ​ဒါဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍ လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​မှ​ငါ ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု ရှ​လင်​မြို့​ကို​ထောက်​ထား​၍​လည်း​ကောင်း၊ ငါ​သည် ရှော​လ​မုန်​အ​တွက်​နယ်​မြေ​တစ်​ခု​ကို​ချန်​ထား ပေး​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 11