17. ဟာဒဒ်နှင့်သူ့ဖခင်၏အစေခံအချို့သာလျှင် လွတ်မြောက်၍ အီဂျစ်ပြည်သို့ထွက်ပြေးကြ၏။ (ထိုစဉ်အခါကဟာဒဒ်သည်ကလေးသူငယ် မျှသာရှိသေး၏။-)
18. သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
19. ဟာဒဒ်သည်မင်းကြီးနှင့်ချစ်ကျွမ်းဝင်၍လာ ရကား မင်းကြီးကသူ့အားမိဖုရားတာပနက် ၏ညီမ၊ မိမိ၏ခယ်မတော်နှင့်စုံဖက်ပေးတော် မူ၏။-
20. ထိုအမျိုးသမီးသည်သားဂေနုဗတ်ကိုဖွားမြင် ရာ ထိုသားကိုနန်းတော်တွင်း၌မိဖုရားကပင် လျှင်စောင့်ရှောက်ပြုစုထားသဖြင့် သူငယ်သည် ဘုရင်၏သားတော်များနှင့်အတူနေထိုင်ရ လေသည်။
21. ဒါဝိဒ်မင်းကွယ်လွန်တော်မူ၍ တပ်မတော်ဗိုလ် ချုပ်ယွာဘသည်လည်းသေဆုံးပြီဖြစ်ကြောင်း အီဂျစ်ပြည်သို့သတင်းရောက်ရှိလာသော အခါ ဟာဒဒ်ကအီဂျစ်ဘုရင်ထံ``အကျွန်ုပ် အားမိမိတိုင်းပြည်သို့ပြန်ခွင့်ပြုတော်မူ ပါ'' ဟုလျှောက်လေ၏။
22. မင်းကြီးက``အဘယ်ကြောင့်နည်း။ အဘယ်အလို ဆန္ဒမပြည့်ဝ၍သင့်ပြည်သို့ပြန်လိုပါသနည်း'' ဟုမေးတော်မူ၏။ဟာဒဒ်က``ယင်းသို့မဟုတ်ပါ။ သို့ရာတွင်ပြန် ခွင့်ပေးတော်မူပါ'' ဟုလျှောက်ထားပြီးလျှင် မိမိ၏ပြည်သို့ပြန်သွားလေ၏။ဟာဒဒ်သည်ဧဒုံပြည်တွင်မင်းပြုလျက် ဣသ ရေလလူမျိုးကိုရွံရှာ၍ရန်မူလေသည်။
23. ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။-
24. (ဤသို့ဖြစ်ပျက်မှုမှာဒါဝိဒ်သည်ဟာဒဒေဇာ ကိုနှိမ်နင်း၍ ထိုမင်း၏ရှုရိမဟာမိတ်များကို သုတ်သင်ပြီးချိန်၌ဖြစ်သတည်း။) ရေဇုန်သည် မိမိ၏နောက်လိုက်များနှင့်အတူ ဒမာသက်မြို့ သို့သွားရောက်နေထိုင်ရာသူ၏လူတို့သည်သူ့ ကိုရှုရိဘုရင်အဖြစ်မင်းမြှောက်ကြလေသည်။-
25. ရေဇုန်သည်လည်းရှောလမုန်အသက်ရှင်သမျှ ကာလပတ်လုံး ဣသရေလလူမျိုးတို့အား ရန်မူလျက်နေ၏။
26. ရှောလမုန်အားပုန်ကန်သူအခြားလူတစ်ယောက် မှာ ဧဖရိမ်ပြည်၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်ဖြစ်သည်။ သူသည်ရှောလမုန်၏ နန်းတွင်းအရာရှိတစ်ဦးဖြစ်၍ သူ၏မိခင်မှာ ဇေရွာနာမည်ရှိသောမုဆိုးမဖြစ်၏။-
27. ပုန်ကန်မှုဖြစ်ပွားပုံကားဤသို့တည်း။ရှောလမုန်သည်ယေရုရှလင်မြို့အရှေ့ပိုင်းတွင် မြေဖို့လျက် မြို့ရိုးများကိုတိုးချဲ့လျက်နေ၏။-
28. လုပ်ရည်ကိုင်ရည်ကောင်းသူယေရောဗောင်၏လုံ့လ ဝိရိယကိုမြင်တော်မူသောအခါ ရှောလမုန် သည်သူ့အားမနာရှေနှင့်ဧဖရိမ်နယ်မြေများ အတွက် ချွေးတပ်မှူးအဖြစ်ဖြင့်ခန့်အပ်တော် မူ၏။-
29. တစ်နေ့သ၌ယေရောဗောင်သည်ယေရုရှလင်မြို့ မှခရီးပြုရန်ထွက်ခွာလာစဉ် လမ်းပေါ်၌သူ နှင့်ရှိလောမြို့သားပရောဖက်အဟိယတို့ နှစ်ဦးတည်းတွေ့ဆုံမိကြလေသည်။-