ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 10:7-12 Common Language Bible (BCL)

7. သို့​ရာ​တွင်​ကျွန်ုပ်​သည်​ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ မ​တွေ့​မ​မြင်​ရ​မိ​စဉ်​အ​ခါ​က ထို​သတင်း​ကို မ​ယုံ​နိုင်​ပါ။ ထို​စဉ်​အ​ခါ​က​ကျွန်ုပ်​ကြား​သိ ရ​သည့်​အ​ရာ​များ​သည် ယ​ခု​တွေ့​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​၏​ထက်​ဝက်​မျှ​ပင်​မ​ရှိ​ပါ။ အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​တော်​နှင့်​စည်း​စိမ် ချမ်း​သာ​သည်​ကျွန်ုပ်​ကြား​သိ​ခဲ့​သည်​ထက် များ​စွာ​ပို​မို​ကြီး​ကျယ်​ပါ​ပေ​သည်။-

8. အ​ဆွေ​တော်​၏​မိ​ဖု​ရား​များ​သည်​အ​လွန်​မင်္ဂ လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ဆွေ​တော်​၏ အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား​လျက် အ​ဆွေ တော်​၏​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​ကြား​ရ​သူ​အ​ဆွေ​တော်​၏​အ​စေ​ခံ များ​သည်​လည်း အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည် တ​ကား။-

9. အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​သည် အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဖြစ်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး​မြှောက် တော်​မူ​လေ​ပြီ။ ဣ​သ​ရေ​လ​လူ​မျိုး​ကို​ထာ​ဝ​စဉ် ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​အား​တ​ရား​မျှ​တ​စွာ အုပ်​စိုး​စေ​ရန်​အ​ဆွေ​တော်​ကို​မင်း​မြှောက်​တော် မူ​လေ​ပြီ'' ဟု​ပြော​၏။

10. ထို​နောက်​ရှေ​ဘ​ဘု​ရင်​မ​သည်​ရှော​လ​မုန်​အား ရွှေ​ချိန်​ငါး​တန်​နီး​ပါး​ကို​လည်း​ကောင်း၊ နံ့​သာ မျိုး​အ​မြောက်​အ​မြား​နှင့်​ကျောက်​မျက်​ရ​တ​နာ တို့​ကို​လည်း​ကောင်း​ပေး​ဆက်​တော်​မူ​၏။ ရှော​လ​မုန် ရ​ရှိ​ဖူး​သ​မျှ​သော​နံ့​သာ​မျိုး​တို့​အ​နက်​ဘု​ရင် မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး​၏​ပ​မာ​ဏ​မှာ အ​များ​ဆုံး​ဖြစ်​သ​တည်း။

11. သြ​ဖိ​ရ​မြို့​မှ​ရွှေ​များ​ကို​တင်​ဆောင်​လာ​သော ဟိ​ရံ​၏​သင်္ဘော​စု​သည် စန္ဒ​ကူး​သား​နှင့်​ကျောက် မျက်​ရ​တ​နာ​မြောက်​မြား​စွာ​ကို​လည်း​ယူ ဆောင်​ခဲ့​လေ​သည်။-

12. ရှော​လ​မုန်​သည်​စန္ဒ​ကူး​သား​ကို​ဗိ​မာန်​တော်​နှင့် နန်း​တော်​တွင် လက်​ရန်း​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း​ကြီး၊ စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း​ကောင်း အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း​သော​စန္ဒ​ကူး သား​မျိုး​ကို​ဣသ​ရေ​လ​ပြည်​သို့ ယ​ခင်​အ​ဘယ် အ​ခါ​က​မျှ​မ​သွင်း​စ​ဖူး​ချေ။ ယ​နေ့​တိုင် အောင်​လည်း​မ​မြင်​ဘူး​ချေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 10