6. သူသည်ရှောလမုန်အား``ကျွန်ုပ်သည်ရှေဘပြည် တွင်ရှိစဉ်အခါက အဆွေတော်နှင့်အဆွေတော် ၏ဉာဏ်ပညာတော်အကြောင်းကိုကြားသိခဲ့ရ သည့်သတင်းမှန်ပေ၏။-
7. သို့ရာတွင်ကျွန်ုပ်သည်ကိုယ်တိုင်မျက်မြင်ဒိဌ မတွေ့မမြင်ရမိစဉ်အခါက ထိုသတင်းကို မယုံနိုင်ပါ။ ထိုစဉ်အခါကကျွန်ုပ်ကြားသိ ရသည့်အရာများသည် ယခုတွေ့မြင်ရသည့် အမှုအရာများ၏ထက်ဝက်မျှပင်မရှိပါ။ အဆွေတော်၏ဉာဏ်ပညာတော်နှင့်စည်းစိမ် ချမ်းသာသည်ကျွန်ုပ်ကြားသိခဲ့သည်ထက် များစွာပိုမိုကြီးကျယ်ပါပေသည်။-
8. အဆွေတော်၏မိဖုရားများသည်အလွန်မင်္ဂ လာရှိကြပါသည်တကား။ အဆွေတော်၏ အပါးတော်တွင်အစဉ်ခစားလျက် အဆွေ တော်၏ထံမှဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုကြားရသူအဆွေတော်၏အစေခံ များသည်လည်း အလွန်မင်္ဂလာရှိကြပါသည် တကား။-
9. အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
10. ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။
11. သြဖိရမြို့မှရွှေများကိုတင်ဆောင်လာသော ဟိရံ၏သင်္ဘောစုသည် စန္ဒကူးသားနှင့်ကျောက် မျက်ရတနာမြောက်မြားစွာကိုလည်းယူ ဆောင်ခဲ့လေသည်။-