ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 10:15-21 Common Language Bible (BCL)

15. ထို့​အ​ပြင်​ကုန်​သည်​ကြီး​များ​ထံ​မှ​ကောက်​ခံ​ရ​ရှိ သည့်​အ​ခွန်​အ​ကောက်​များ၊ ကုန်​စည်​ကူး​သန်း​ရောင်း ဝယ်​မှု​မှ​ထွက်​ပေါ်​လာ​သည့်​အမြတ်​အ​စွန်း​များ၊ အာ​ရပ်​ဘု​ရင်​များ​နှင့်​နယ်​မြေ​ဘုရင်​ခံ​များ ဆက်​သ​သည့်​အ​ခွန်​များ​ရ​ရှိ​သေး​၏။

16. ရှော​လ​မုန်​သည်​ဒိုင်း​ကြီး​နှစ်​ရာ​ကို​ပြု​လုပ်​ပြီး လျှင် တစ်​ခု​စီ​ကို​ရွှေ​ချိန်​တစ်​ဆယ့်​ငါး​ပေါင်​ခန့် ဖြင့်​မွမ်း​မံ​ထား​စေ​၏။-

17. ရွှေ​ချိန်​လေး​ပေါင်​ခန့်​စီ​ဖြင့်​မွမ်း​မံ​ထား​သော​ဒိုင်း ငယ်​သုံး​ရာ​ကို​လည်း​ပြု​လုပ်​၍ ထို​ဒိုင်း​အား​လုံး ကို​လေ​ဗ​နုန်​ခန်း​မ​ဆောင်​တွင်​ထား​ရှိ​စေ​၏။

18. မင်း​ကြီး​သည်​ရွှေ​စင်​ဖြင့်​မွမ်း​မံ​ထား​သည့် ဆင် စွယ်​ရာ​ဇ​ပလ္လင်​ကြီး​ကို​လည်း​ပြု​လုပ်​တော်​မူ​၏။-

19-20. ရာဇ​ပလ္လင်​ကို​တက်​ရန်​လှေ​ကား​ထစ်​ခြောက်​ထစ်​ရှိ​၍ ယင်း​တို့​၏​အ​စွန်း​တစ်​ဘက်​တစ်​ချက်​တွင်​ခြင်္သေ့ ရုပ်​တစ်​ကောင်​စီ​ရှိ​သ​ဖြင့် စု​စု​ပေါင်း​ခြင်္သေ့​ရုပ် တစ်​ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​၏ ကျော​ဘက်​တွင်​နွား​လား​ဥ​သ​ဘ​၏​ခေါင်း​ရုပ် တစ်​ခု​ရှိ​၍ လက်​တင်​နှစ်​ခု​၏​ဘေး​တစ်​ဘက် တစ်​ချက်​၌​ခြင်္သေ့​ရုပ်​တစ်​ခု​စီ​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ်​နိုင်​ငံ​တွင်​မျှ​ဤ​သို့​သော ရာ​ဇ​ပလ္လင်​မျိုး​မ​ရှိ​ချေ။

21. ရှော​လ​မုန်​၏​သောက်​တော်​ရေ​ဖ​လား​မှန်​သ​မျှ သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ ဆောင်​တွင်​ရှိ​သ​မျှ​သော​အ​သုံး​အ​ဆောင်​များ သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ရှော​လ​မုန် ၏​လက်​ထက်​က​ငွေ​ကို​တန်​ဖိုး​မ​ထား​သ​ဖြင့် ငွေ​အ​သုံး​အ​ဆောင်​မ​ထား​ချေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 10