ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 10:12-15 Common Language Bible (BCL)

12. ရှော​လ​မုန်​သည်​စန္ဒ​ကူး​သား​ကို​ဗိ​မာန်​တော်​နှင့် နန်း​တော်​တွင် လက်​ရန်း​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း​ကြီး၊ စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း​ကောင်း အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း​သော​စန္ဒ​ကူး သား​မျိုး​ကို​ဣသ​ရေ​လ​ပြည်​သို့ ယ​ခင်​အ​ဘယ် အ​ခါ​က​မျှ​မ​သွင်း​စ​ဖူး​ချေ။ ယ​နေ့​တိုင် အောင်​လည်း​မ​မြင်​ဘူး​ချေ။

13. ရှော​လ​မုန်​မင်း​သည်​အ​ခါ​အား​လျော်​စွာ ပေး​လေ့ ပေး​ထ​ရှိ​သည့်​လက်​ဆောင်​များ​ကို ရှေ​ဘ​ဘု​ရင်​မ အား​ရက်​ရော​စွာ​ပေး​တော်​မူ​သည့်​အ​ပြင် ဘု​ရင်​မ အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း​ပေး​တော် မူ​၏။ ထို့​နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။

14. နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​သည်​ရွှေ​ချိန်​နှစ်​ဆယ့် ငါး​တန်​ရ​ရှိ​၏။-

15. ထို့​အ​ပြင်​ကုန်​သည်​ကြီး​များ​ထံ​မှ​ကောက်​ခံ​ရ​ရှိ သည့်​အ​ခွန်​အ​ကောက်​များ၊ ကုန်​စည်​ကူး​သန်း​ရောင်း ဝယ်​မှု​မှ​ထွက်​ပေါ်​လာ​သည့်​အမြတ်​အ​စွန်း​များ၊ အာ​ရပ်​ဘု​ရင်​များ​နှင့်​နယ်​မြေ​ဘုရင်​ခံ​များ ဆက်​သ​သည့်​အ​ခွန်​များ​ရ​ရှိ​သေး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 10