ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 1:47-53 Common Language Bible (BCL)

47. မှူး​မတ်​များ​သည်​ဒါ​ဝိဒ်​မင်း​ထံ​အ​ရို​အ​သေ ပြု​ရန် သွား​ရောက်​၍`အ​ရှင်​၏​ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား​အ​ရှင့်​ထက်​ပင်​ပို​၍​ထင်​ပေါ် ကျော်​စော​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ သူ​နန်း စံ​ချိန်​၌​လည်း​အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက် ပို​၍​ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော' ဟု လျှောက်​ထား​ကြ​ပါ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​မင်း သည်​မိ​မိ​၏​အိပ်​ရာ​ပေါ်​တွင်​ဦး​ညွှတ်​လျက်၊-

48. `ငါ​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​တစ်​ဦး​အား​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​စေ​တော် မူ​သည်​သာ​မ​က​ငါ့​အား​လည်း ထို​အ​မှု​ကို မြင်​နိုင်​ခွင့်​ပေး​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​စို့' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​တော်​မူ​ပါ​၏'' ဟူ​၍​ပြန်​လည်​ဖြေ​ကြား လေ​သည်။

49. ထို​အ​ခါ​အ​ဒေါ​နိ​ယ​၏ ဧည့်​သည်​တော်​တို့ သည်​ကြောက်​လန့်​ကြ​သ​ဖြင့် ထ​၍​တစ်​ယောက် တစ်​လမ်း​စီ​ပြန်​သွား​ကြ​၏။-

50. အ​ဒေါ​နိ​ယ​သည်​ရှော​လ​မုန်​ကို​လွန်​စွာ ကြောက်​သော​ကြောင့် ထာ​ဝရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​သို့​သွား​၍​ယဇ်​ပလ္လင်​ထောင့် စွယ်​များ ကို​ဆုပ်​ကိုင်​ထား​ပြီး​လျှင်၊-

51. ``ရှော​လ​မုန်​မင်း​သည်​ကျွန်​တော်​အား​ကွပ်​မျက် တော်​မူ​မည်​မ​ဟုတ်​ဟု ဦး​စွာ​ကျိန်​ဆို​မိန့်​မြွက် တော်​မူ​ပါ​စေ'' ဟု​ဆို​၏။ ဤ​အ​ချင်း​အ​ရာ ကို​ရှော​လ​မုန်​မင်း​အား​လျှောက်​ထား​ကြ​၏။-

52. ရှော​လ​မုန်​က``သူ​သည်​သစ္စာ​ရှိ​သူ​ဖြစ်​ပါ လျှင် သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​ကို မျှ​လက်​ဖျား​နှင့်​ထိ​လိမ့်​မည်​မ​ဟုတ်။ သစ္စာ မဲ့​သူ​ဖြစ်​လျှင်​မူ​ကား​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​ဆို​၏။-

53. ထို့​နောက်​ရှော​လ​မုန်​မင်း​သည်​လူ​လွှတ်​၍ အ​ဒေါ​နိ​ယ​အား​ယဇ်​ပလ္လင်​မှ​ခေါ်​ခဲ့​စေ​၏။ အ​ဒေါ​နိ​ယ​သည်​မင်း​ကြီး​ထံ​လာ​ရောက် ၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``သင့်​အိမ် သို့​ပြန်​နိုင်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 1