39. ဇာဒုတ်သည်ထာဝရဘုရားစံတော်မူရာတဲ တော်မှ မိမိဆောင်ခဲ့သောသံလွင်ဆီဘူးကိုယူ၍ ရှောလမုန်အားဘိသိက်ပေးလေသည်။ ထို့နောက် တံပိုးခရာမှုတ်လိုက်သောအခါ လူအပေါင်း တို့သည်``ရှောလမုန်မင်းသက်တော်ရှည်ပါစေ သော'' ဟုကြွေးကြော်ကြ၏။-
40. ထို့နောက်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ်လျက် ပလွေများကိုမှုတ်လျက် မြေကြီးကွဲမတတ် အသံဗလံများကိုပြုကာရှောလမုန်၏ နောက်မှလိုက်ကြ၏။
41. အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။-
42. သူ၏စကားမဆုံးမီ၌ပင်ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်ရောက်ရှိလာသဖြင့် အဒေါနိယက``ဝင်ခဲ့လော့။ သင်သည်လူကောင်း တစ်ယောက်ဖြစ်၍သတင်းကောင်းကိုဆောင်ယူ လာသူဖြစ်ရပေမည်'' ဟုဆို၏။
43. ယောနသန်က``သတင်းကောင်းဖြစ်မည်မ ထင်ပါ။ အကျွန်ုပ်တို့အရှင်ဒါဝိဒ်မင်းသည် ရှောလမုန်အားမင်းမြှောက်လိုက်လေပြီ။-
44. မင်းကြီးသည်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့် ဘုရင့်ကိုယ်ရံတော်တပ်သားများအား ရှောလမုန် ကိုဘုရင်၏မြည်းတော်ပေါ်တွင်တင်၍ခေါ်ဆောင် သွားစေတော်မူပါ၏။-
45. ထို့နောက်ဇာဒုတ်နှင့်နာသန်တို့ကရှောလမုန် အား ဂိဟုန်စမ်းတွင်ဘိသိက်ပေးကြပါသည်။ သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ် လျက်မြို့ထဲသို့ဝင်ကြသဖြင့် မြို့သူမြို့သား တို့သည်ယခုအခါအုတ်အုတ်ကျက်ကျက် ဖြစ်၍နေကြပါ၏။ အရှင်ကြားရသည့် အသံသည်ထိုသူတို့၏အသံပင်ဖြစ်ပါ၏။-
46. ရှောလမုန်သည်ယခုဘုရင်ဖြစ်လေပြီ။
47. မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-
48. `ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။
49. ထိုအခါအဒေါနိယ၏ ဧည့်သည်တော်တို့ သည်ကြောက်လန့်ကြသဖြင့် ထ၍တစ်ယောက် တစ်လမ်းစီပြန်သွားကြ၏။-
50. အဒေါနိယသည်ရှောလမုန်ကိုလွန်စွာ ကြောက်သောကြောင့် ထာဝရဘုရားစံတော် မူရာတဲတော်သို့သွား၍ယဇ်ပလ္လင်ထောင့် စွယ်များ ကိုဆုပ်ကိုင်ထားပြီးလျှင်၊-
51. ``ရှောလမုန်မင်းသည်ကျွန်တော်အားကွပ်မျက် တော်မူမည်မဟုတ်ဟု ဦးစွာကျိန်ဆိုမိန့်မြွက် တော်မူပါစေ'' ဟုဆို၏။ ဤအချင်းအရာ ကိုရှောလမုန်မင်းအားလျှောက်ထားကြ၏။-
52. ရှောလမုန်က``သူသည်သစ္စာရှိသူဖြစ်ပါ လျှင် သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်ကို မျှလက်ဖျားနှင့်ထိလိမ့်မည်မဟုတ်။ သစ္စာ မဲ့သူဖြစ်လျှင်မူကားသေဒဏ်ခံရမည်'' ဟုဆို၏။-
53. ထို့နောက်ရှောလမုန်မင်းသည်လူလွှတ်၍ အဒေါနိယအားယဇ်ပလ္လင်မှခေါ်ခဲ့စေ၏။ အဒေါနိယသည်မင်းကြီးထံလာရောက် ၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ထိုအခါမင်းကြီးကသူ့အား``သင့်အိမ် သို့ပြန်နိုင်ပြီ'' ဟုမိန့်တော်မူ၏။