ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 1:34-49 Common Language Bible (BCL)

34. ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။-

35. သူ​သည်​ငါ​၏​ရာ​ဇာ​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​ရန် ဤ​အ​ရပ်​သို့​ပြန်​လာ​ချိန်​၌​သင်​တို့​သည်​လည်း သူ​၏​နောက်​မှ​လိုက်​ခဲ့​ရ​ကြ​မည်။ သူ့​အား​ဣ​သ ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင်​အ​ဖြစ် ငါ​ရွေး​ချယ်​တော်​မူ​ပြီ။ ထို့​ကြောင့်​သူ​သည်​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

36. ဗေ​နာ​ယ​က``အ​မိန့်​တော်​အ​တိုင်း​ဖြစ်​စေ ပါ​မည်။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​လည်း ထို​အ​မိန့်​တော်​ကို​အ​တည် ပြု​တော်​မူ​ပါ​စေ​သော။-

37. ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ ရှော​လ​မုန် နှင့်​လည်း​အ​တူ​ရှိ​တော်​မူ​၍ သူ​နန်း​စံ​ချိန်​၌ အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက်​ပင်​ပို​၍ ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော'' ဟု ပြန်​လည်​လျှောက်​ထား​၏။

38. ထို့​ကြောင့်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့် ကိုယ်​ရံ​တော်​တပ်​သား​တို့​သည်​ရှော​လ​မုန်​အား ဒါ​ဝိဒ်​မင်း​၏​မြည်း​တော်​ကို​စီး​စေ​လျက် ဂိ​ဟုန်​စမ်း​သို့​ပို့​ကြ​၏။-

39. ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။-

40. ထို့​နောက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ်​လျက် ပ​လွေ​များ​ကို​မှုတ်​လျက် မြေ​ကြီး​ကွဲ​မ​တတ် အ​သံ​ဗ​လံ​များ​ကို​ပြု​ကာ​ရှော​လ​မုန်​၏ နောက်​မှ​လိုက်​ကြ​၏။

41. အ​ဒေါ​နိ​ယ​နှင့်​သူ​၏​ဧည့်​သည်​တော်​တို့​သည် မိ​မိ တို့​စား​သောက်​ပွဲ​ပြီး​ခါ​နီး​၌​ထို​အ​သံ​ကို​ကြား ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား သော်``မြို့​ထဲ​၌​ဤ​အ​သံ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။-

42. သူ​၏​စ​ကား​မ​ဆုံး​မီ​၌​ပင်​ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​၏​သား ယော​န​သန်​ရောက်​ရှိ​လာ​သ​ဖြင့် အ​ဒေါ​နိ​ယ​က``ဝင်​ခဲ့​လော့။ သင်​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​သ​တင်း​ကောင်း​ကို​ဆောင်​ယူ လာ​သူ​ဖြစ်​ရ​ပေ​မည်'' ဟု​ဆို​၏။

43. ယော​န​သန်​က``သ​တင်း​ကောင်း​ဖြစ်​မည်​မ ထင်​ပါ။ အ​ကျွန်ုပ်​တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​သည် ရှော​လ​မုန်​အား​မင်း​မြှောက်​လိုက်​လေ​ပြီ။-

44. မင်း​ကြီး​သည်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့် ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား ရှော​လ​မုန် ကို​ဘု​ရင်​၏​မြည်း​တော်​ပေါ်​တွင်​တင်​၍​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​၏။-

45. ထို့​နောက်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​ရှော​လ​မုန် အား ဂိ​ဟုန်​စမ်း​တွင်​ဘိ​သိက်​ပေး​ကြ​ပါ​သည်။ သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ် လျက်​မြို့​ထဲ​သို့​ဝင်​ကြ​သ​ဖြင့် မြို့​သူ​မြို့​သား တို့​သည်​ယ​ခု​အ​ခါ​အုတ်​အုတ်​ကျက်​ကျက် ဖြစ်​၍​နေ​ကြ​ပါ​၏။ အ​ရှင်​ကြား​ရ​သည့် အ​သံ​သည်​ထို​သူ​တို့​၏​အ​သံ​ပင်​ဖြစ်​ပါ​၏။-

46. ရှော​လ​မုန်​သည်​ယ​ခု​ဘု​ရင်​ဖြစ်​လေ​ပြီ။

47. မှူး​မတ်​များ​သည်​ဒါ​ဝိဒ်​မင်း​ထံ​အ​ရို​အ​သေ ပြု​ရန် သွား​ရောက်​၍`အ​ရှင်​၏​ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား​အ​ရှင့်​ထက်​ပင်​ပို​၍​ထင်​ပေါ် ကျော်​စော​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ သူ​နန်း စံ​ချိန်​၌​လည်း​အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက် ပို​၍​ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော' ဟု လျှောက်​ထား​ကြ​ပါ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​မင်း သည်​မိ​မိ​၏​အိပ်​ရာ​ပေါ်​တွင်​ဦး​ညွှတ်​လျက်၊-

48. `ငါ​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​တစ်​ဦး​အား​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​စေ​တော် မူ​သည်​သာ​မ​က​ငါ့​အား​လည်း ထို​အ​မှု​ကို မြင်​နိုင်​ခွင့်​ပေး​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​စို့' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​တော်​မူ​ပါ​၏'' ဟူ​၍​ပြန်​လည်​ဖြေ​ကြား လေ​သည်။

49. ထို​အ​ခါ​အ​ဒေါ​နိ​ယ​၏ ဧည့်​သည်​တော်​တို့ သည်​ကြောက်​လန့်​ကြ​သ​ဖြင့် ထ​၍​တစ်​ယောက် တစ်​လမ်း​စီ​ပြန်​သွား​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 1