ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 1:30-35 Common Language Bible (BCL)

30. ငါ​သည်​သင်​၏​သား​ရှော​လ​မုန်​အား​ငါ့ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ​မည် ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို​တိုင် တည်​၍ ကျိန်​ဆို​ခဲ့​သည်​အ​တိုင်း​ငါ​ပြု​မည် ဖြစ်​ကြောင်း​ယ​နေ့​ငါ​က​တိ​ပေး​၏'' ဟု မိန့်​တော်​မူ​၏။

31. ဗာ​သ​ရှေ​ဘ​သည်​ဦး​ညွတ်​ပျပ်​ဝပ်​လျက်``ကျွန်​မ ၏​သ​ခင် အ​ရှင်​မင်း​ကြီး​သည်​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​မြွက်​ဆို​လေ​၏။

32. ထို့​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဇာ​ဒုတ်၊ နာ​သန်​နှင့် ဗေ​နာ​ယ​တို့​ကို​ခေါ်​စေ​တော်​မူ​၏။ သူ​တို့ ရောက်​ရှိ​လာ​သော​အ​ခါ၊-

33. မင်း​ကြီး​က``ငါ​၏​မှူး​မတ်​တို့​ကို​အ​တူ​ခေါ်​ကာ သား​တော်​ရှော​လ​မုန်​အား ငါ​၏​မြည်း​တော်​ကို စီး​စေ​၍​ဂိ​ဟုန်​စမ်း​သို့​ပို့​ဆောင်​ကြ​လော့။-

34. ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။-

35. သူ​သည်​ငါ​၏​ရာ​ဇာ​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​ရန် ဤ​အ​ရပ်​သို့​ပြန်​လာ​ချိန်​၌​သင်​တို့​သည်​လည်း သူ​၏​နောက်​မှ​လိုက်​ခဲ့​ရ​ကြ​မည်။ သူ့​အား​ဣ​သ ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင်​အ​ဖြစ် ငါ​ရွေး​ချယ်​တော်​မူ​ပြီ။ ထို့​ကြောင့်​သူ​သည်​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 1