23. ပရောဖက်ရောက်ရှိကြောင်းမင်းကြီးအားသံ တော်ဦးတင်ကြ၏။ နာသန်သည်လည်းအခန်း ထဲသို့ဝင်လာပြီးလျှင်ရှေ့တော်၌ဦးညွှတ် ပျပ်ဝပ်လျက်၊-
24. ``အရှင်မင်းကြီး၊ အဒေါနိယအားအရှင် ၏အရိုက်အရာကိုဆက်ခံစေတော်မူမည် ဟုအရှင်ကြေငြာပြီလော။-
25. ယနေ့ပင်လျှင်သူသည်ယဇ်ပလ္လင်သို့သွား၍ နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ်များကိုယဇ် ပူဇော်ပါ၏။ သူသည်အရှင့်သားတော်အပေါင်း နှင့်တပ်မတော်ဗိုလ်ချုပ်ယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့ကိုခေါ်ဖိတ်သဖြင့် ယခု အချိန်၌သူတို့သည်အဒေါနိယနှင့်အတူ စားသောက်ကာ`အဒေါနိယမင်းသက်တော် ရှည်ပါစေသော်' ဟုကြွေးကြော်လျက်နေ ကြပါ၏။-
26. သို့ရာတွင်အဒေါနိယသည်ကိုယ်တော်၏ အစေခံအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ဗေနာယနှင့်ရှောလမုန်တို့ကိုမခေါ် မဖိတ်ပါ။-
27. ဤအမှုအရာတို့ကိုအရှင်မင်းကြီးနှစ်သက် လက်ခံတော်မူပါသလော။ အရှင်၏အရိုက် အရာကိုမည်သူလက်ခံ၍နန်းတက်ရမည် ကိုမှူးမတ်တို့အားမဖော်မပြဘဲဤအမှု ကိုအရှင်မင်းကြီးစီရင်တော်မူပါသလော'' ဟုလျှောက်လေ၏။
28. ဒါဝိဒ်မင်းက``ဗာသရှေဘအား အခန်းထဲသို့ ပြန်၍ဝင်စေလော့'' ဟုဆိုလျှင် ဗာသရှေဘ သည်ဝင်လာ၍ရှေ့တော်တွင်ရပ်လျက်နေ၏။-
29. ထိုအခါမင်းကြီးက``ဒုက္ခဆင်းရဲအပေါင်း မှငါ့အားကယ်ဆယ်တော်မူ၍ အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ကာသင့်အားငါကျိန်ဆိုပါ၏။-
30. ငါသည်သင်၏သားရှောလမုန်အားငါ့ အရိုက်အရာကိုဆက်ခံ၍နန်းတက်ရမည် ဟု ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနာမတော်ကိုတိုင် တည်၍ ကျိန်ဆိုခဲ့သည်အတိုင်းငါပြုမည် ဖြစ်ကြောင်းယနေ့ငါကတိပေး၏'' ဟု မိန့်တော်မူ၏။
31. ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။