ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 1:2-18 Common Language Bible (BCL)

2. သို့​ဖြစ်​၍​မှူး​မတ်​များ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ခ​စား​ပြု​စု​ရန်​အ​တွက်​အ​မျိုး သ​မီး​ပျို​တစ်​ဦး​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​ရ စေ။ ထို​အ​မျိုး​သ​မီး​သည်​အ​ရှင်​၏​အ​နီး တွင်​ကပ်​၍​အိပ်​ပြီး​လျှင် အ​ရှင့်​အား​နွေး​အောင် ပြု​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-

3. သူ​တို့​သည်​အ​ဆင်း​လှ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက် လိုက်​လံ​ရှာ​ဖွေ​ကြ​ရာ​ရှု​နင်​မြို့​သူ​အ​ဘိ ရှက်​ကို​တွေ့​ရှိ​ကြ​သ​ဖြင့် မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။-

4. လွန်​စွာ​အ​ဆင်း​လှ​သည့်​ထို​အ​မျိုး​သ​မီး​သည် မင်း​ကြီး​အ​ပါး​တော်​တွင်​လုပ်​ကျွေး​ပြု​စု​သော် လည်း မင်း​ကြီး​သည်​သူ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု ကို​မ​ပြု​ချေ။

5-6. ဟ္ဂိတ်​နှင့်​ဒါ​ဝိဒ်​ရ​သော​သား​အ​ဒေါ​နိ​ယ​သည် အ​လွန်​အ​ဆင်း​လှ​၏။ အ​ဗ​ရှ​လုံ​သေ​ဆုံး​သ​ဖြင့် သူ​သည်​ဒါ​ဝိဒ်​၏​လက်​ရှိ​သား​တို့​တွင်​အ​ကြီး ဆုံး​ဖြစ်​၏။ ဒါ​ဝိဒ်​သည်​သူ့​အား​အ​ဘယ်​အ​မှု တွင်​မျှ​ပြော​ဆို​ဆုံး​မ​ဖူး​သည်​ဟူ​၍​မ​ရှိ။ သူ သည်​ထီး​နန်း​ကို​မျှော်​မှန်း​သူ​ဖြစ်​၍ မိ​မိ​ကိုယ် ပိုင်​ရ​ထား​များ၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး လူ​ငါး​ဆယ်​ကို​ရ​ရှိ​လေ​သည်။-

7. သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-

8. သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။

9. တစ်​နေ့​သော​အ​ခါ​အ​ဒေါ​နိ​ယ​သည် အင်္ရော ဂေ​လ​စမ်း​ချောင်း​အ​နီး၊ မြွေ​ကျောက်​ဆောင် တွင်​သိုး​နွား​နှင့်​ဆူ​ဖြိုး​သော​ကျွဲ​ငယ်​များ ကို​ယဇ်​ပူ​ဇော်​ကာ ဒါ​ဝိဒ်​မင်း​၏​အ​ခြား သား​တော်​များ​နှင့်​ယု​ဒ​မှူး​မတ်​များ​အား ထို​ပူ​ဇော်​ပွဲ​သို့​ခေါ်​ဖိတ်​လေ​သည်။-

10. သို့​သော်​မိ​မိ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ တော်​သူ​ရှော​လ​မုန်​နှင့်​ပ​ရော​ဖက်​နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား များ​ကို​မ​ခေါ်​မ​ဖိတ်​ချေ။

11. ထို​အ​ခါ​နာ​သန်​သည် ရှော​လ​မုန်​၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား​၍``ဟ္ဂိတ်​၏​သား အ​ဒေါ​နိယ​သည် မိ​မိ​ကိုယ်​ကို​မိ​မိ​မင်း​မြှောက် လိုက်​ကြောင်း​သင်​ကြား​ပြီ​လော။ ဒါ​ဝိဒ်​မင်း​ပင် ထို​သ​တင်း​ကို​ကြား​တော်​မ​မူ​သေး​ပါ။-

12. သင်​သည်​သင့်​အ​သက်​နှင့်​သား​တော်​ရှော​လ​မုန် ၏​အ​သက်​ကို​ကယ်​လို​လျှင် သင့်​အား​အ​ကျွန်ုပ် အ​ကြံ​ပေး​ပါ​မည်။-

13. သင်​သည်​ယ​ခု​ချက်​ချင်း​ဒါ​ဝိဒ်​မင်း​ထံ​သွား ၍`အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​၏​သား​ရှော​လ​မုန် အား​အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း ထိုင်​ရ​မည်​ဟု​အ​ရှင်​ကျိန်​ဆို​က​တိ​ပြု​တော် မူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ယ​ခု​အ​ဘယ်​ကြောင့် အ​ဒေါ​နိ​ယ​သည်​ဘု​ရင်​ဖြစ်​သွား​ပါ​သ​နည်း' ဟု​မေး​လျှောက်​လော့။-

14. ယင်း​သို့​သင်​မေး​လျှောက်​နေ​စဉ်​အ​ကျွန်ုပ်​သည် ဝင်​လာ​၍ သင်​၏​စကား​ကို​အ​တည်​ပြု​မည်'' ဟု ဆို​၏။

15. ထို့​ကြောင့်​ဗာ​သ​ရှေ​ဘ​သည် မင်း​ကြီး​အား ခ​စား​ရန်​အ​ဆောင်​ထဲ​သို့​ဝင်​လေ​၏။ မင်း​ကြီး သည်​လွန်​စွာ​အို​မင်း​ပြီ​ဖြစ်​၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​က​သူ့​အား​လုပ်​ကျွေး​ပြု​စု​လျက် နေ​၏။-

16. ဗာ​သ​ရှေ​ဘ​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​သော​အ​ခါ​မင်း​ကြီး က``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​သနည်း'' ဟု​မေး​တော်​မူ​၏။

17. ဗာ​သ​ရှေ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​မ​၏​သား​ရှော​လ​မုန်​အား​အ​ရှင့်​အ​ရိုက် ရာ​ကို​ဆက်​ခံ​၍ နန်း​တင်​ရ​မည်​ဟု​အ​ရှင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။-

18. သို့​ရာ​တွင်​ယ​ခု​အ​ဒေါ​နိ​ယ​သည်​ဘု​ရင် ဖြစ်​လျက်​နေ​လေ​ပြီ။ သို့​သော်​အ​ရှင်​ထို သ​တင်း​ကို​ကြား​သိ​တော်​မ​မူ​သေး​ပါ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 1