1. ဒါဝိဒ်မင်းသည်အလွန်အိုမင်းသောအခါ အစေခံတို့ကစောင်များခြုံပေးသော်လည်း မနွေးနိုင်အောင်ရှိတတ်၏။-
2. သို့ဖြစ်၍မှူးမတ်များက``အရှင်မင်းကြီး၊ အရှင့်အားခစားပြုစုရန်အတွက်အမျိုး သမီးပျိုတစ်ဦးကိုအကျွန်ုပ်တို့ရှာပါရ စေ။ ထိုအမျိုးသမီးသည်အရှင်၏အနီး တွင်ကပ်၍အိပ်ပြီးလျှင် အရှင့်အားနွေးအောင် ပြုပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
3. သူတို့သည်အဆင်းလှသည့်အမျိုးသမီး တစ်ဦးကို ဣသရေလပြည်တစ်လျှောက် လိုက်လံရှာဖွေကြရာရှုနင်မြို့သူအဘိ ရှက်ကိုတွေ့ရှိကြသဖြင့် မင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။-
4. လွန်စွာအဆင်းလှသည့်ထိုအမျိုးသမီးသည် မင်းကြီးအပါးတော်တွင်လုပ်ကျွေးပြုစုသော် လည်း မင်းကြီးသည်သူနှင့်ကိုယ်လက်နှီးနှောမှု ကိုမပြုချေ။
5-6. ဟ္ဂိတ်နှင့်ဒါဝိဒ်ရသောသားအဒေါနိယသည် အလွန်အဆင်းလှ၏။ အဗရှလုံသေဆုံးသဖြင့် သူသည်ဒါဝိဒ်၏လက်ရှိသားတို့တွင်အကြီး ဆုံးဖြစ်၏။ ဒါဝိဒ်သည်သူ့အားအဘယ်အမှု တွင်မျှပြောဆိုဆုံးမဖူးသည်ဟူ၍မရှိ။ သူ သည်ထီးနန်းကိုမျှော်မှန်းသူဖြစ်၍ မိမိကိုယ် ပိုင်ရထားများ၊ မြင်းများနှင့်ရှေ့တော်ပြေး လူငါးဆယ်ကိုရရှိလေသည်။-
7. သူသည်ဇေရုယာ၏သားယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့နှင့်တိုင်ပင်ရာ ထိုသူတို့က သူ့အားကူညီရန်သဘောတူကြ၏။-
8. သို့ရာတွင်ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣ နှင့်ဒါဝိဒ်၏ကိုယ်ရံတော်တပ်သားများကမူ အဒေါနိယဘက်သို့မဝင်ကြ။
9. တစ်နေ့သောအခါအဒေါနိယသည် အင်္ရော ဂေလစမ်းချောင်းအနီး၊ မြွေကျောက်ဆောင် တွင်သိုးနွားနှင့်ဆူဖြိုးသောကျွဲငယ်များ ကိုယဇ်ပူဇော်ကာ ဒါဝိဒ်မင်း၏အခြား သားတော်များနှင့်ယုဒမှူးမတ်များအား ထိုပူဇော်ပွဲသို့ခေါ်ဖိတ်လေသည်။-
10. သို့သော်မိမိနှင့်အဖေတူအမေကွဲညီ တော်သူရှောလမုန်နှင့်ပရောဖက်နာသန်၊ ဗေနာယနှင့်ဘုရင့်ကိုယ်ရံတော်တပ်သား များကိုမခေါ်မဖိတ်ချေ။
11. ထိုအခါနာသန်သည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍``ဟ္ဂိတ်၏သား အဒေါနိယသည် မိမိကိုယ်ကိုမိမိမင်းမြှောက် လိုက်ကြောင်းသင်ကြားပြီလော။ ဒါဝိဒ်မင်းပင် ထိုသတင်းကိုကြားတော်မမူသေးပါ။-
12. သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
13. သင်သည်ယခုချက်ချင်းဒါဝိဒ်မင်းထံသွား ၍`အရှင်မင်းကြီး၊ ကျွန်မ၏သားရှောလမုန် အားအရှင့်အရိုက်အရာကိုဆက်ခံ၍နန်း ထိုင်ရမည်ဟုအရှင်ကျိန်ဆိုကတိပြုတော် မူခဲ့သည်မဟုတ်ပါလော။ ယခုအဘယ်ကြောင့် အဒေါနိယသည်ဘုရင်ဖြစ်သွားပါသနည်း' ဟုမေးလျှောက်လော့။-