ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 8:13-18 Common Language Bible (BCL)

13. သူ​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​ဥ​ပုသ်​နေ့ များ၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​တစ်​နှစ်​တစ် ကြိမ်​ကျင်း​ပ​ရ​သည့်​ပွဲ​တော်​သုံး​ခု​ဖြစ်​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်၊ ကောက်​သိမ်း​ပွဲ​တော်​နှင့် သစ်​ခက်​တဲ​နေ​ပွဲ​တော်​နေ့​တို့​တွင်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​တော်​မူ​၏။-

14. ခ​မည်း​တော်​ဒါဝိဒ်​ချ​မှတ်​ထား​ခဲ့​သည့်​စည်း မျဉ်း​များ​အ​တိုင်း​မင်း​ကြီး​သည် ယဇ်​ပု​ရော ဟိတ်​တို့​နေ့​စဉ်​လုပ်​ဆောင်​ရန်​တာ​ဝန်​များ​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​မှု​တော် ဆောင်​ရာ​တွင်​ပါ​ဝင်​ကူ​ညီ​ကာ ဋ္ဌမ္မ​သီ​ချင်း များ​အေး​ကူး​ကြ​ရ​သူ​လေ​ဝိ​အ​နွယ်​ဝင် တို့​၏​အ​လုပ်​တာ​ဝန်​များ​ကို​လည်း​ကောင်း စီ​စဉ်​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​အ​မိန့်​ရှိ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​ကို​လည်း​နေ့​စဉ် တာ​ဝန်​ဝတ္တ​ရား​များ​ထမ်း​ဆောင်​ရန်​အ​ဖွဲ့ များ​ဖွဲ့​စည်း​ပေး​တော်​မူ​၏။-

15. ပစ္စည်း​သို​လှောင်​ရုံ​များ၊ အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​ပေး​ခဲ့​သည့်​ညွှန် ကြား​ချက်​များ​ကို​လည်း​အ​သေး​စိတ် လိုက်​နာ​ဆောင်​ရွက်​တော်​မူ​၏။

16. ယ​ခု​အ​ခါ​၌​ရှော​လ​မုန်​၏​စီ​မံ​ကိန်း​ရှိ​သ​မျှ ကို​လက်​စ​သတ်​လိုက်​လေ​ပြီ။ ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​ကို​အုတ်​မြစ်​ချ​ချိန်​မှ​တည်​ဆောက် မှု​လက်​စ​သတ်​ချိန်​အ​ထိ ဆောင်​ရွက်​စ​ရာ​ရှိ သ​မျှ​သော​အ​လုပ်​တို့​သည်​အောင်​မြင်​စွာ ပြီး​စီး​သွား​လေ​ပြီ။

17. ထို​နောက်​ရှော​လ​မုန်​သည်​ဧ​ဒုံ​ပြည်၊ အာ​ကွ​ဗာ ပင်​လယ်​ကွေ့​ပေါ်​ရှိ​သင်္ဘော​ဆိပ်​မြို့​များ​ဖြစ် သော​ဧဇယုန်​ဂါ​ဗာ​မြို့​နှင့်​ဧ​လုတ်​မြို့​သို့​ကြွ တော်​မူ​၏။-

18. သူ​၏​ထံ​သို့​ဟိ​ရံ​မင်း​သည်​မိ​မိ​၏​ပင်​လယ် သွား​ကျွမ်း​ကျင်​သူ​များ​နှင့်​အ​လုပ်​ရည်​ဝ သူ​သင်္ဘော​သား​များ​လိုက်​ပါ​သည့်​သင်္ဘော များ​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် ရှော​လ​မုန်​၏​ပင်​လယ်​သွား​ကျွမ်း​ကျင်​သူ များ​နှင့်​အ​တူ​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့် ကြ​ပြီး​လျှင်​ရွှေ​တစ်​ဆယ့်​ခြောက်​တန်​နီး ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 8