ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 7:2-18 Common Language Bible (BCL)

2. သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ကြ။-

3. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိုး​ကောင်း​ကင် မှ​မီး​လျှံ​ကျ​လာ​၍ ဗိ​မာန်​တော်​သည်​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လာ​သည် ကို​မြင်​သော​အ​ခါ​ကြမ်း​ပြင်​ပေါ်​တွင်​ပျပ်​ဝပ် ရှိ​ခိုး​လျက်``ကိုယ်​တော်​သည်​ကောင်း​မြတ်​တော် မူ​၍​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-

4. ထို​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-

5. မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့် သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို​မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ ပြု​ကြ​လေ​သည်။-

6. ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​အ​တွက် သတ်​မှတ်​ထား​သည့်​နေ​ရာ​တွင်​ရပ်​လျက်​နေ ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယဇ်​ပု​ရော ဟိတ်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​ရပ်​လျက် ဒါ​ဝိဒ် မင်း​ပြု​လုပ်​ခဲ့​သော​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ဒါ​ဝိဒ်​မင်း​စီ​မံ​ခဲ့​သည့်​အ​တိုင်း``ကိုယ်​တော် ၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ သော​ဋ္ဌမ္မ​သီ​ချင်း​ကို​သီ​ဆို​ကြ​လေ​သည်။ လူ​အ​ပေါင်း​တို့​ရပ်​လျက်​နေ​စဉ်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​တံ​ပိုး​ခရာ​များ​ကို​မှုတ်​ကြ​၏။

7. ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​၌​ရှိ​သော​အလယ် တံ​တိုင်း​ကို​ဆက်​ကပ်​ပြီး​နောက် ထို​နေ​ရာ​၌​တစ် ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​မှ​ဆီ​ဥ​တို့​ကို​ပူ​ဇော်​တော် မူ​၏။ ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​မင်း​ကြီး တည်​ဆောက်​ထား​သည့်​ကြေး​ဝါ​ယဇ်​ပလ္လင်​သည် ထို​ပူဇော်​သ​ကာ​အား​လုံး​တို့​အ​တွက်​အ​လွန် သေး​ငယ်​သော​ကြောင့်​ဖြစ်​လေ​သည်။

8. ရှော​လ​မုန်​မင်း​နှင့်​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​မှ​တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင် အောင် အ​ရပ်​ရပ်​မှ​လာ​ရောက်​ကြ​သော​ဣသ​ရေ​လ ပြည်​သူ​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ​ပွဲ တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ပြီး​နောက်၊-

9. အ​ဋ္ဌ​မ​နေ့​၌​ဋ္ဌမ္မ​အ​စည်း​အ​ဝေး​ကို​ကျင်း​ပ ကြ​၏။ ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​သည် မှာ​ခု​နစ်​ရက်၊ ပွဲ​တော်​ကျင်း​ပ​သည်​မှာ​လည်း ခု​နစ်​ရက်​ဖြစ်​၏။-

10. သတ္တ​မ​လ​နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ရှော​လ​မုန် သည်​ပြည်​သူ​တို့​အား မိ​မိ​တို့​နေ​ရပ်​သို့​ပြန် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​အား​ပြု​တော် မူ​သော​ကျေး​ဇူး​တော်​ကြောင့်​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​စွာ​ပြန်​ကြ​ကုန်​၏။

11. ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​နှင့် နန်း​တော်​တည် ဆောက်​မှု​ကို​မိ​မိ​၏​စီ​မံ​ချက်​နှင့်​အ​ညီ​ထ မြောက်​၍​အ​ပြီး​သတ်​သော​အ​ခါ၊-

12. ထာ​ဝ​ရ​ဘု​ရား​သည်​ညဥ့်​အ​ခါ​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ငါ​ကြား​ပြီ။ သို့​ဖြစ်​၍​ဤ​ဗိ​မာန်​တော်​ကို ငါ့​အား​ယဇ်​ပူ​ဇော်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ငါ လက်​ခံ​၏။-

13. ငါ​သည်​မိုး​ကို​ခေါင်​စေ​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ကောက်​ပဲ​သီး​နှံ​များ​ကို​ကိုက်​ဖျက်​ရန်​ကျိုင်း ကောင်​များ​ကို​စေ​လွှတ်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ငါ​ပိုင်​ဆိုင်​သူ​များ​ဟု​ခေါ်​ဆို​သ​မုတ်​အပ် သည့်​ငါ​၏​လူ​မျိုး​တော်​အား​ကာ​လ​နာ သင့်​စေ​သော​အ​ခါ​၌​ဖြစ်​စေ၊-

14. သူ​တို့​သည်​ငါ့​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ​နောင်​တ​ရ​၍​မိ​မိ​တို့​၏​ဒု​စ​ရိုက်​လမ်း ကို​ရှောင်​ကြဉ်​ကြ​လျှင် ငါ​သည်​ကောင်း​ကင်​ဘုံ မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း မည်။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ပြည်​ကို​တစ်​ဖန်​ပြန်​လည်​ဝ​ပြော သာ​ယာ​လာ​စေ​မည်။-

15. ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့်​ရှောက် မည်။ ဤ​ဗိ​မာန်​တော်​တွင်​ပြု​သ​မျှ​သော​ဆု တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​မည်။-

16. ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ရွေး​ချယ်​၍​ငါ့​အား ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့်​သီး​သန့်​စေ​ပြီ။ ငါ​သည်​ဤ​ဌာ​န​တော် ကို​စောင့်​ကြပ်​ကြည့်​ရှု​မည်။ ကာ​လ​အ​စဉ် အ​ဆက်​ကာ​ကွယ်​စောင့်​ရှောက်​မည်။-

17. သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ငါ ၏​တ​ရား​တော်​ကို​စောင့်​ထိန်း​၍​ငါ​ပညတ်​သ​မျှ အ​တိုင်း​ပြု​ကျင့်​ကာ​ငါ့​အား​ကိုး​ကွယ်​လျှင်၊-

18. သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား`ဣသ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု ငါ​ပေး​ခဲ့​သည့် က​တိ​ကို​တည်​စေ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 7