ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 7:16-22 Common Language Bible (BCL)

16. ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ရွေး​ချယ်​၍​ငါ့​အား ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့်​သီး​သန့်​စေ​ပြီ။ ငါ​သည်​ဤ​ဌာ​န​တော် ကို​စောင့်​ကြပ်​ကြည့်​ရှု​မည်။ ကာ​လ​အ​စဉ် အ​ဆက်​ကာ​ကွယ်​စောင့်​ရှောက်​မည်။-

17. သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ငါ ၏​တ​ရား​တော်​ကို​စောင့်​ထိန်း​၍​ငါ​ပညတ်​သ​မျှ အ​တိုင်း​ပြု​ကျင့်​ကာ​ငါ့​အား​ကိုး​ကွယ်​လျှင်၊-

18. သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား`ဣသ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု ငါ​ပေး​ခဲ့​သည့် က​တိ​ကို​တည်​စေ​မည်။-

19. သို့​ရာ​တွင်​အ​ကယ်​၍​သင်​နှင့်​သင်​၏​ပြည်​သူ တို့​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​တို့​ကို​ချိုး​ဖောက်​၍​အ​ခြား​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လျှင်​မူ​ကား၊-

20. ငါ​ပေး​သ​နား​သည့်​ပြည်​မှ​သင်​တို့​ကို​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့် ငါ​သီး​သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို လည်း​စွန့်​ခွာ​မည်​ဖြစ်​၍ အ​ရပ်​တ​ကာ​ရှိ​လူ တို့​တွင်​အ​ထင်​အ​မြင်​သေး​ခြင်း​နှင့်​ပြောင် လှောင်​ခြင်း​ဖြစ်​စေ​မည်။

21. ``ယ​ခု​အ​ခါ​ဗိ​မာန်​တော်​သည်​များ​စွာ​ဂုဏ် အ​သ​ရေ​ရှိ​သော်​လည်း ထို​အ​ခါ​၌​မူ​အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့်​ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​စီ​ရင်​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-

22. လူ​တို့​က`ဣသ​ရေ​လ​အမျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား ကို​စွန့်​ပစ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ထံ​တွင်​ကျေး​ဇူး​သစ္စာ ခံ​လျက်​ထို​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​လေ ပြီ။ ထို​ကြောင့်​ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​အား ဤ​ဘေး​ဒဏ်​ကို​သင့်​စေ​တော်​မူ​ပြီ' ဟု​ဖြေ ဆို​ကြ​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 7