ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 7:1-4 Common Language Bible (BCL)

1. ထို​သို့​ရှော​လ​မုန်​မင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​မီး​လျှံ​ကျ​၍ ပူ​ဇော်​သ​ကာ တို့​ကို​ကျွမ်း​လောင်​သွား​စေ​၏။ ထို​နောက်​ဗိ​မာန် တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော ဘုန်း​အသ​ရေ​တော်​ဖြင့်​ပြည့်​လေ​၏။-

2. သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ကြ။-

3. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိုး​ကောင်း​ကင် မှ​မီး​လျှံ​ကျ​လာ​၍ ဗိ​မာန်​တော်​သည်​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လာ​သည် ကို​မြင်​သော​အ​ခါ​ကြမ်း​ပြင်​ပေါ်​တွင်​ပျပ်​ဝပ် ရှိ​ခိုး​လျက်``ကိုယ်​တော်​သည်​ကောင်း​မြတ်​တော် မူ​၍​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-

4. ထို​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 7