ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 6:18-29 Common Language Bible (BCL)

18. ``သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့် အ​တူ​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ နေ​တော်​မူ​နိုင်​ပါ​သ​လော။ ကောင်း​ကင်​ဘ​ဝဂ် ပင်​လျှင်​ကိုယ်​တော်​စံ​နေ​တော်​မူ​နိုင်​အောင် မ​ကျယ်​ဝန်း​ပါ​လျှင်​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဗိ​မာန်​တော်​ကား​စံ​နေ​တော်​မူ​နိုင်​ရန် ကျယ်​ဝန်း​မည်​မ​ဟုတ်​ပါ။-

19. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ကျွန်​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​သော ဆု​ကို​ပေး​သ​နား​တော်​မူ​ပါ။-

20. ဤ​ဗိ​မာန်​တော်​ကို​နေ့​ည​မ​ပြတ်​စောင့်​ထိန်း ကြည့်​ရှု​တော်​မူ​ပါ။ ဤ​ဌာ​န​တော်​တွင်​ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရ​ကြ​မည်​ဖြစ် ကြောင်း​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​ခဲ့​သည်​ဖြစ် ၍ ဤ​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​အ​ကျွန်ုပ် ဆု​တောင်း​သော​အ​ခါ​နား​ညောင်း​တော်​မူ ပါ။-

21. အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​လည်း ကောင်း၊ ဤ​အ​ရပ်​သို့​မျက်​နှာ​မူ​လျက်​ကိုယ် တော်​၏​လူ​မျိုး​တော်​ပြု​သော ဆု​တောင်း​ပတ္ထ​နာ များ​ကို​လည်း​ကောင်း​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​များ​ကို နား ညောင်း​တော်​မူ​ပြီး​လျှင်​အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''

22. ``လူ​တစ်​ယောက်​သည်​အ​ခြား​လူ​တစ်​ယောက် အား​မ​တ​ရား​ပြု​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင်​အပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင်​ကျမ်း ကျိန်​သော​အ​ခါ၊-

23. အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ထောင် တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။''

24. ``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက် ရန်​သူ​တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​မှ​ဖြေ​လွှတ် ရန်​အ​ထံ​တော်​သို့​ပြန်​လာ​၍​ဤ​ဗိ​မာန်​တော် သို့​လာ​ရောက်​ကာ​စိတ်​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​သော​အ​ခါ၊-

25. ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ လူ​မျိုး​တော်​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​နှင့်​သူ​တို့ ၏​ဘိုး​ဘေး​များ​အား​အ​ပိုင်​ပေး​သ​နား တော်​မူ​သည့်​ပြည်​တော်​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​ပါ။''

26. ``ကိုယ်​တော်​အား​လူ​မျိုး​တော်​ပြစ်​မှား​သည့် အ​တွက် မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ​သူ​တို့ သည်​နောင်​တ​ရ​၍ ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ မူ​ကာ​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ပါ​လျှင်၊-

27. အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​အ​စေ​ခံ​ဣသ​ရေ​လ ပြည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော် မူ​ပါ။ သူ​တို့​အား​လမ်း​မှန်​ကို​ပြ​ညွှန်​တော်​မူ ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး သ​နား​တော်​မူ​သည့်​ပြည်​တော်​တွင်​မိုး​ရွာ စေ​တော်​မူ​ပါ။''

28. ``ပြည်​တော်​တွင်​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး သော​အ​ခါ၊ အ​နာ​ရော​ဂါ​ဘေး​ဆိုက်​သော အ​ခါ၊ ကောက်​ပဲ​သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့​မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ ခြင်း​တို့​ကြောင့်​ပျက်​စီး​သွား​သော​အ​ခါ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့ တိုက်​ခိုက်​ကြ​သော​အ​ခါ၊ သူ​တို့​တွင်​ဘေး ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ရာ​ကပ် ရောက်​သော​အ​ခါ၊-

29. သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း တော်​မူ​ပါ။ အ​ကယ်​၍​ကိုယ်​တော်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် လှိုက်​လှဲ​စွာ​ဝမ်း​နည်း​လျက် ဤ​ဗိ​မာန်​တော် ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လျှင်-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 6