ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 4:5-10 Common Language Bible (BCL)

5. ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍ ယင်း ၏​အ​ပေါ်​အ​နား​သည်​ဖ​လား​နှုတ်​ခမ်း​ကဲ့​သို့ ပန်း​ပွင့်​ချပ်​သဏ္ဌာန်​အ​ပြင်​သို့​ခုံး​တက်​နေ​လေ သည်။ ထို​ရေ​ကန်​သည်​ရေ​ဂါ​လံ​တစ်​သောင်း ငါး​ထောင်​မျှ​ဝင်​သ​တည်း။-

6. သူ​တို့​သည်​ဗိ​မာန်​တော်​တောင်​ဘက်​တွင်​ငါး​လုံး နှင့်​မြောက်​ဘက်​တွင် ငါး​လုံး​ထား​ရှိ​ရန်​အင်​တုံ ဆယ်​လုံး​ကို​လည်း​ပြု​လုပ်​လေ​သည်။ ထို​အင်​တုံ တို့​သည်​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​၏ အ​စိတ်​အ​ပိုင်း​တို့​ကို​ဆေး​ကြော​ရန်​အ​တွက် ဖြစ်​၏။ ရေ​ကန်​မူ​ကား​ယဇ်​ပု​ရော​ဟိတ်​တို့ ဆေး​ကြော​ရန်​အ​တွက်​ဖြစ်​လေ​သည်။

7-8. သူ​တို့​သည်​ပြ​ဋ္ဌာန်း​သတ်​မှတ်​ထား​သည့်​ပုံ​စံ နှင့်​အ​ညီ​ရွှေ​မီး​တင်​ခုံ​ဆယ်​ခု​နှင့်​စား​ပွဲ​ဆယ် လုံး​ကို​ပြု​လုပ်​၍ ဗိ​မာန်​တော်​ခန်း​မ​ဆောင်​တွင် လက်​ယာ​ဘက်​၌​ငါး​လုံး၊ လက်​ဝဲ​ဘက်​၌​ငါး လုံး​ထား​ကြ​၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း ပြု​လုပ်​ကြ​၏။

9. သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် အ​တွင်း​တံ​တိုင်း​ကို​ဆောက်​လုပ်​ပြီး​နောက် အ​ပြင် တံတိုင်း​ကို​လည်း​ဆောက်​လုပ်​ကြ​၏။ ဤ​တံ​တိုင်း နှစ်​ခု​၏​စပ်​ကြား​၌​ရှိ​သော​တံ​ခါး​များ​ကို ကြေး​ဝါ​ဖြင့်​ဖုံး​အုပ်​ကြ​၏။-

10. ရေ​ကန်​ကို​ဗိ​မာန်​တော်​၏​အ​ရှေ့​တောင်​ဘက်​တွင် ထား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 4