ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 4:11-16-21 Common Language Bible (BCL)

11-16. ဟိ​ရံ​သည်​အိုး​များ၊ ဂေါ်​ပြား​များ​နှင့်​ခွက် ဖ​လား​များ​ကို​လည်း​ပြု​လုပ်​လေ​သည်။ သူ​သည် ရှော​လ​မုန်​မင်း​အား​က​တိ​ထား​သည့်​အ​တိုင်း ဗိ​မာန်​တော်​အ​တွက်​အောက်​ပါ​ပစ္စည်း​တန်​ဆာ များ​ကို​ပြု​လုပ်​ပြီး​စီး​လေ​သည်။တိုင်​နှစ်​လုံး၊အိုး​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​တို့​အ​တွက်​ပန်း​ကုန်း​ပုံ​များပန်း​ကုန်း​များ​ပတ်​လည်​ရှိ​အ​လုံး​တစ်​ရာ​စီ ရှိ​သောသ​လဲ​သီး​နှစ်​တန်း​အ​တွက်​သ​လဲ​သီး​လေး​ရာ၊လှည်း​ဆယ်​စီး၊အင်​တုံ​ဆယ်​လုံး၊ရေ​ကန်၊ရေ​ကန်​အောက်​ခံ​နွား​တစ်​ဆယ့်​နှစ်​ကောင်၊အိုး​များ၊ဂေါ်​ပြား​များ​နှင့်​ခက်​ရင်း​ခွ​များလက်​မှု​ပ​ညာ​ဆ​ရာ​ဟိ​ရံ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဤ ပစ္စည်း​တန်​ဆာ​အ​ပေါင်း​ကို​ရှော​လ​မုန်​မင်း ၏​အ​မိန့်​တော်​နှင့်​အညီ​တောက်​ပြောင်​နေ​သည့် ကြေး​ဝါ​ဖြင့်​ပြု​လုပ်​လေ​သည်။

17. ထို​အ​ရာ​များ​ကို​မင်း​ကြီး​သည်​ယော်​ဒန်​မြစ် ဝှမ်း၊ သု​ကုတ်​မြို့​နှင့်​ဇာ​သန်​မြို့​များ​ကြား​၌ ရှိ​သော​ကြေး​ရည်​ကြို​စက်​တွင်​သွန်း​လုပ်​စေ တော်​မူ​သည်။-

18. ပြု​လုပ်​ရ​သော​ပစ္စည်း​အ​ရေ​အ​တွက်​မှာ​များ ပြား​လှ​သ​ဖြင့် ကုန်​ကျ​သည့်​ကြေး​ဝါ​အ​လေး ချိန်​ကို​အ​ဘယ်​သူ​မျှ​မ​သိ​ချေ။

19. ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ ဖြင့်​ပြီး​သော​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​စေ​တော်​မူ​၏။ ထို​အ​ရာ​များ​မှာ​ရွှေ​ယဇ် ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ​များ၊-

20. စီ​မံ​ချက်​အ​ရ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှေ့​တွင်​ထွန်း​ညှိ​ထား​ရန် ရွှေ​စင်​မီး​ခွက် များ​နှင့်​မီး​တင်​ခုံ​များ၊-

21. တန်​ဆာ​ဆင်​ရန်​ပန်း​ပွင့်​များ၊ မီး​ခွက်​များ နှင့်​မီး​ကိုင်​တန်​ဆာ​များ၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 4