ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 4:1-6 Common Language Bible (BCL)

1. ရှော​လ​မုန်​မင်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အ​မြင့်​တစ်​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ယဇ်​ပလ္လင်​ကို​ပြု​လုပ်​စေ​တော်​မူ​၏။-

2. အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့်​ငါး​ပေ၊ လုံး​ပတ်​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ရေ​ကန်​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။-

3. ရေ​ကန်​၏​အ​ပြင်​အ​နား​ပတ်​လည်​ကို​နွား​ရုပ် များ​ဖြင့်​တန်​ဆာ​ဆင်​ထား​၏။ ထို​နွား​ရုပ်​များ အထက်​အောက်​အ​တန်း​နှစ်​တန်း​ကို​ရေ​ကန်​နှင့် တစ်​စပ်​တည်း​သွန်း​လုပ်​ထား​သ​တည်း။-

4. ရေ​ကန်​သည်​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင် ကျ၊ အ​ရပ်​လေး​မျက်​နှာ​မူ​နေ​သော​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ထက်​တွင် တည်​လျက်​ရှိ​၏။-

5. ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍ ယင်း ၏​အ​ပေါ်​အ​နား​သည်​ဖ​လား​နှုတ်​ခမ်း​ကဲ့​သို့ ပန်း​ပွင့်​ချပ်​သဏ္ဌာန်​အ​ပြင်​သို့​ခုံး​တက်​နေ​လေ သည်။ ထို​ရေ​ကန်​သည်​ရေ​ဂါ​လံ​တစ်​သောင်း ငါး​ထောင်​မျှ​ဝင်​သ​တည်း။-

6. သူ​တို့​သည်​ဗိ​မာန်​တော်​တောင်​ဘက်​တွင်​ငါး​လုံး နှင့်​မြောက်​ဘက်​တွင် ငါး​လုံး​ထား​ရှိ​ရန်​အင်​တုံ ဆယ်​လုံး​ကို​လည်း​ပြု​လုပ်​လေ​သည်။ ထို​အင်​တုံ တို့​သည်​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​၏ အ​စိတ်​အ​ပိုင်း​တို့​ကို​ဆေး​ကြော​ရန်​အ​တွက် ဖြစ်​၏။ ရေ​ကန်​မူ​ကား​ယဇ်​ပု​ရော​ဟိတ်​တို့ ဆေး​ကြော​ရန်​အ​တွက်​ဖြစ်​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 4